" ဟင်း.. ဂင်ဂျုံအင်! "
ဆောင်းရာသီ၏ လတ်ဆတ်သော နံနက်ခင်း အချိန်အခါတွင် ဂျောင်ဆူး တစ်ယောက်.. ရေခဲသေတ္တာထဲ ခေါင်းထိုးကာ.. ဂျုံအင့်အား.. စိတ်ပျက်လက်ပျက် လှမ်းအော်လေသည်..၊
တစ်ဘက်က.. ဧည့်ခန်းထဲကနေ.. အသံပြန်မပေးပဲ.. ငြိမ်သက်နေတာကြောင့်.. ဂျောင်ဆူး သက်ပြင်းချကာ.. တွေ့ရာ ဖန်ခွက်တစ်ခွက်ကို ဆွဲ၍ မီးဖိုချောင်ထဲကနေ ထွက်လာရတော့သည်.. ၊
ထင်သည့်အတိုင်း.. တီဗီရှေ့တွင် ပျားရည်ပုလင်းအား ရင်ခွင်တွင် အမြတ်တနိုးပိုက်ကာ.. အိမ်ရှင်ရုပ်နဲ့ ထိုင်နေသော.. ဂျုံအင် အား.. ဂျောင်ဆူး.. ရိုက်ချင်လာသည်.. ၊ ဒီရက်ပိုင်းအတွင်း.. သူ့ကိုယ်သူ ၀က်ဝံပေါက်ကလေးလို့ တွေးကာ.. ပျားရည်ထိုင်စားနေတတ်သော ဂျုံအင့် ကြောင့် ဂျောင်ဆူး ၀ယ်ထားသမျှ ပျားရည်ပုလင်းအားလုံးလည်း တတ်တတ်ပြောင်ရလေသည်.. ၊
" တစ်ဇွန်းလောက် ထည့်ပေး.. "
ပုလင်းကို သွားလုမိလျှင်.. မျက်နှာငယ်လေးနဲ့.. စိတ်ကောက်မည်ကို ကြိုသိသောကြောင့်.. ကိုယ့်လက်ထဲက.. ဖန်ခွက်ကိုသာ.. သူ့ရှေ့ထိုးရင်း.. ခခယယ ပျားရည်တောင်းရလေသည်..
မနေ့ညက အလုပ်ပါတီကြောင့် အနည်းငယ်.. သောက်ဖြစ်တာမို့.. ခေါင်းမကြည်နေခြင်းဖြစ်၍ ပျားရည်သောက်ရန်.. ဂျောင်ဆူး ကြံရွယ်ခြင်း ဖြစ်သည်..
ဝက်ဝံညိုက.. ဂျောင်ဆူး ဖန်ခွက်ကို ကြည့်လိုက်.. သူ့ရင်ခွင်ထဲက.. ပျားရည်ဘူးကို.. ကြည့်လိုက်နဲ့ အတော်ကြာ ဝေခွဲမရဖြစ်နေပြီးမှ.. မကောင်းတတ်သည့် ရုပ်နဲ့ ဂျောင်ဆူး ဖန်ခွက်ထဲသို့.. ဇွန်းတစ်ဝက်လောက်သာ တုန်ချိ တုန်ချိ ထည့်ပေးရင်း.. သူထည့်တာ များသွားပြီလား ဆိုတဲ့ ရုပ်နဲ့ နှမြောတသက ဖြစ်နေသေးသည်.. ၊
ဒီကြားထဲ.. ဇွန်းအကပ်.. ပျားရည်လေးကို.. လျှာနဲ့သပ်လိုက်ရင်း.. အရသာကို သဘောကျဟန်.. ဟိခနဲ.. ရယ်ရင်း ပုခုံးလေး နှစ်ဖက်တွန့်ကာ တွန့်ကာ ကနေတော့.. ဂျောင်ဆူးပါ.. လိုက်ပြုံးမိလေသည်..
BINABASA MO ANG
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..