အရိပ်ထင်နေသော.. မှန်ချပ်အရှည်ကြီးရှေ့တွင်.. အတန်ကြာရပ်နေမိသည့်တိုင်.. ဘယ်သောအခါမှ.. ဟာကွက်မရှိသည့် ကိုယ့်ရုပ်ရည်ကို ဂုဏ်ယူစွာ ဆန်းစစ် ကြည့်လိုက်တိုင်း.. ငြီးငွေ့သွားသည်ဟူ၍ မရှိ..
နှုတ်ခမ်းကို မဲ့ပြုံးကာ.. နက်ဖွာနေသော.. ဆံပင်တွေကြား.. လက်နဲ့ တစ်ချက်နှစ်ချပ် သပ်တင်လိုက်ရင်း တွေးမိတာက.. ဘယ်သူမှန်းမသိသေးသော.. အနာဂတ် ဇနီးလောင်းကတော့.. ဂျုံအင်လိုလူနဲ့ လက်ထပ်ရမည့်အတွက်.. အတော့်ကို ကံကောင်းမည်ဟု ဆိုရပေမည်..
မဟုတ်ဘူးလား..
ဒီလို sexy ကျတဲ့ အချိုးအစားမျိုး ရှိနေရုံအပြင်.. တဆက်တည်းမှာပဲ.. အပြစ်ကင်းစင်တဲ့ မျက်နှာမျိုး ရှာကြည့်စမ်းပါ.. မနေ့က တွေ့ခဲ့တဲ့ ဟိုဘုကလန့်သာ.. အရပ်ရှည်ရင် ရှည်သွားမယ်.. ဂျုံအင်လို လူမျိုးတော့ နှစ်ယောက်ထပ်မရှိနိုင်.. ။" ဂင်ဂျုံအင်.. မင်းတော်တော်ချောတာပဲ.. "
ပါးကို လက်ဖဝါးနဲ့ နှစ်ချက်လောက် ပုတ်လိုက်ရင်း... မျက်ခုံးပင့်ကာ.. စိတ်ကြီးဝင်လျက်.. အနက်ရောင် အနောက်တိုင်း ၀တ်စုံကို လျှိုလိုက်ရင်း.. အသိ အဘိုးကြီးတစ်ယောက် နေသော ဘေးအိမ်ကို မြင်နေရတဲ့ ပြတင်းပေါက်ကနေ.. အသာငေးမိပြန်သည်..
ရှုပ်ပွေနေတဲ့ အနက်ရောင်လူတွေ.. တသီတသန်းကြီး ဖြစ်နေတဲ့ ကားတွေအရ.. အဲ့အဘိုးကြီးရဲ့ မမြင်ရသေးသော သား က တော်တော့်ကို ချမ်းသာပုံပင်.. ။ ဒါပေမဲ့ ဘာထူးလဲ.. အသက်ရှင်နေတုန်းကတော့ အရိပ်လေးတောင် ပေါ်မလာပဲ.. သေသွားမှ.. ။ ဟင်းးးး...
အသုဘအခမ်းအနားကို.. မတက်ချင်ပေမဲ့ .. သေသွားတဲ့ အဘိုးကြီးနဲ့လည်း အနည်းငယ်ရင်းနှီးတဲ့အပြင်.. အိမ်ချင်းကလည်း ကပ်ရပ်ဆိုတော့ .. မျက်နှာပူစရာ မကောင်းပေဘူးလား.. ။ သြော်.. မချစ်သော်လည်း အောင့်ကာနမ်း.. အောင့်ကာနမ်း.. ကင်ဂျုံအင်.. ။
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..