ဂျုံအင် တစ်ယောက်.. ဒိုဂျောင်ဆူး၏ ရုံးခန်းတံခါးရှေ့တွင်.. တစ်ယောက်တည်း ပွစိပွစိ ရွတ်နေလေသည်.. ။ တနည်းပြောရလျှင်.. ရှိရှိသမျှသော.. ဘိုးဘေးတို့အား.. လူချောလေး ဂျုံအင်အား.. သည်အဖြစ်ဆိုးမှ...ကယ်တင်ပေးရန် ခြေသလုံးဖက်တော့ မတက်.. တောင်းပန်နေခြင်းဖြစ်သည်.. ။
သုံးခေါက်လောက်.. ခေါက်တုံ့ခေါက်ပြန် လုပ်ပြီးသည့်နောက်.. စိတ်ကို ဒုန်းဒုန်းချလိုက်ကာ.. တံခါးလက်ကိုင်ဘုကို အသာလှည့်၍ .. ချောင်းကြည့်လို့ ရသည်ဆိုရုံလောက်.. တေးတေးလေးဟသည်.. ။
ပထမမြင်လိုက်ရသည်က.. လွန်စွာ.. ကျက်သရေမရှိလှသော.. အနှီ ပင်ကွင်းကောင်သည်.. ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း.. အမည်မသိသော.. စာရွက်အချို့ကို.. အာရုံစိုက်ထားပုံရသည်.. သို့သော်.. ဂျုံအင် စိုးရိမ်နေသော.. ကပ်ဆိုးမှာ.. ဒိုဂျောင်ဆူး မဟုတ်.. ။
အကြည့်လွှဲလိုက်ရင်း... ခန္ဓာကိုယ်ကို ကော့.. အရပ်က စတိုင်အကျလွန်ကာ.. နည်းနည်းရှည်နေသောကြောင့် .. ရှင်းရှင်းလင်းလင်း မမြင်ရတာမို့.. ဖင်လေးနည်းနည်းကုန်းကြည့်သည်.. အိုး.. သည်အနေအထားနဲ့.. အဆင်ပြေပြီ.. ။
တန်းခနဲ .. ဖြစ်သွားသော.. အကြည့်၏ .. လားရာက.. ဂင်ဂျုံအင့် ကိုယ်ပိုင် စားပွဲခုံလေး.. ဖိုင်တွဲ နှစ်အုပ်က လွဲရင်.. ဘာဆိုဘာမှ မရှိလောက်အောင်.. ပြောင်ရှင်းနေသည်များ.. စိတ်ချမ်းသာဖွယ်အတိ.. မဟုတ်လျှင်.. ဘာဂါမဟုတ်တဲ့ အစားအစာ တစ်မျိုးနဲ့.. ရင်ပြည့်ပြီး အလိုလို သန့်စင်ခန်းနဲ့ နှစ်ပါးသွားရမှာကိုး :3
" ဟို.. ဖင်လေး နည်းနည်းလောက်.. "
အနောက်ကနေ.. ကြားလိုက်ရသော.. အသံနဲ့ မဖွယ်မရာအဓိပ္ပာယ်ကြီးကြာင့်.. ဂျုံအင် ဒွန့်ခနဲ ဖြစ်သွားရင်း.. အလန့်တကြား လှည့်ကြည့်မိတော့.. ဟဲ့ .. မြတ်စွာဘုရား..
ဟိုတစ်နေ့က ကိစ္စကတည်းက.. လှည့်ပတ်ရှောင်နေပါတယ် ဆိုမှ... ဒီလိုပုံစံကြီးနဲ့မှ.. တည့်တည့်ကြီးကို.. တိုးရသလား.. ချွတ်ဆားဒါးးရယ်... ( မှတ်ချက် အချစ်ဦး ကို ဆိုလိုသည်.. ) ။
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..