" မင်း အတွက်.. "
ဂျုံအင့်ကို မော့တောင်မကြည့်ပဲ.. ကမ်းလာတဲ့ ဂျောင်ဆူး လက်ထဲက အစိမ်းရောင် စက္ကူလေး နှစ်ရွက်ကြောင့်.. ဂျုံအင် အတော့်ကို.. တွေဝေသွားရသည်..
ထိုအစိမ်းရောင် စက္ကူလေး နှစ်ရွက်တွင် ဂျုံအင် သိသော.. ဂဏန်းလေးများလည်း ပါသည်.. ဂျုံအင် သိသော.. လူတစ်ယောက်၏ မျက်နှာလည်း ပါသည်.. အရောင်မှာ.. စိမ်းဖျော့ဖျော့ လေး ဖြစ်ပေသည်..
သို့သော်.. သူ့အသားလေးက နူးညံ့သည်..
နှစ်သက်ဖွယ် ရနံ့လည်း ရှိသေးသည်..
သူကား .. slim body ထက် သာလွန်သော ခပ်ပါးပါး ခပ်ပြားပြား သဏ္ဌန်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်..အဲ.. တစ်ခွန်းတည်း ပြောရရင်တော့.. ၀မ်တစ်ထောင် ငွေစက္ကူလေး နှစ်ရွက် ( ဤကား .. ဂျုံအင်လေးရဲ့ တင်စားသွယ်ဝိုက်ခြင်းတရားကို မခံစားတတ်သော.. ခပ်ကြမ်းကြမ်းနှလုံးသားများပိုင်ဆိုင်ထားသော စာဖတ်သူများအား ထပ်ဆောင်း ရှင်းပြချက် )
" အော်.. အောက်ဆင်းပြီး ကော်ဖီဝယ်ခိုင်းတာလား.. "
ပါးစပ်ကသာ မေးသည် လက်ကတော့ ဂျောင်ဆူးလက်ထဲက ငွေစက္ကူ နှစ်ရွက်ကို ဖျတ်ခနဲ ဆွဲယူပြီး ဖင်တစ်ပြန်ခေါင်းတစ်ပြန် အပေါ်အောက် အစုံအစိ ကြည့်နှင့်ပြီးသား..
" မဟုတ်ဘူး .. အဲ့ဒါ မင်း လစာ.. "
ဂျောင်ဆူး၏ မျက်မှောင်တကုတ်ကုတ်အဖြေတွင်.. ငွေစက္ကူကို စွန်ခေါက်ရန် .. ချွေးတဒီးဒီးကျ အံတင်းတင်းကြိတ်ကာ ကြိုးစားနေသော ဂျုံအင်လေးရဲ့ လက်ချောင်းရှည်များက တန့်ခနဲ ရပ်သွားသည်..
မျက်မှောင် နှစ်ချက်ချိုး .. ခေါင်းလေး တစ်ချက်စောင်း.. ခါးတစ်ချက်ကိုင်းကာ.. ထိုင်နေသော.. ဂျောင်ဆူးမျက်နှာအား ရှင်းရှင်းလင်းလင်း မြင်ရအောင်.. သူရပ်နေမိသော စားပွဲခုံရှေ့ကနေ ဒူးလေး ကွေးကြည့်သည် .. မျက်စိလေး မှေးကြည့်သည် .. အရာမထင် :3
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..