" သိလား.. သိလား..
ခင်ဗျား သိလားလို့ .. "ဘေးနားကနေ.. ဆိုဖာခုံပေါ် ဒူးထောက်ရပ်ရင်း .. tv ကြည့်နေတဲ့ ဂျောင်ဆူးဘက်.. ခေါင်းလေး စောင်းကာ.. ပွစိပွစိ ရွတ်နေသော.. ဂင်ဂျုံအင်..
သူ သည်လို ရွတ်နေတာ.. အနည်းဆုံးတော့.. နာရီဝက်ပေါ် ကြာမြင့်လှပြီဖြစ်သည်.. ။ဘာမှ ရေရေရာရာမရှိသည့် ၀က်ဝံ၏ ရေပန်းကရားလွှတ် ပုံပြင်မှာကို ကြောက်လွန်းလို့.. ဇာတ်လမ်းတွဲကို.. ဟန်ဆောင်.. အာရုံစိုက်နေတဲ့ ဂျောင်ဆူးလည်း.. နားပြင်းအမြင်ကပ်လှပြီ..
အဲ့လို မဟုတ်ဘဲ .. ၀က်ဝံကောင်ရဲ့ .. တိုလီမုတ်စလေးများကို... ယောင်ယမ်းပြီးတော့တောင်.. အင်းအင်းအဲအဲ.. ခေါင်းငြိမ့်ပြမိပါလား..။
ဒင်းက..အိမ်ဘေးက.. ကြောင်မကြီး.. သားပေါက်တာ.. ဘယ်နှစ်ကောင်.. စသည်.. အစချီ၍.. sns ပေါ်မှာ.. ခေတ်စားနေတဲ့ သတင်းခေါင်းစဉ်က.. အလည်.. သူ သွားစားနေကျ.. ကြက်ကြော်ဆိုင်က.. စားပွဲထိုးမလေးရဲ့.. မျက်လုံးအရောင်က အဆုံး.. မပြီးနိုင်မစီးနိုင်.. ပေါက်ပေါက်ဖောက်လေ့ရှိသည်.. ။
" ဂျောင်ဆူးလို့ .. ဒိုလ်.. ဂျောင်လ်.. ဆူးလ်.. ကြီး.. "
မျက်နှာ အနည်းငယ် ပုတ်လာသော.. ၀က်ဝံညိုက..မကြားချင်ယောင်ဆောင်.. ဘာသိဘာသာ ထိုင်နေတဲ့.. ဂျောင်ဆူးလက်နားကို.. ကပ်လာရင်း.. လက်ဖျားက.. အကျီင်္စကို.. ရုတ်တရက်.. ပါးလေးကပ်ပြီး.. တွန်းထိုးပွတ်သပ်လာတာမို့.. ဂျောင်ဆူး.. အနည်းငယ် တုန်သွားတော့.. ဂျုံအင်က.. tv screen ကို မကျေမနပ် လှမ်းငေးသည်..
" နှာဘူးကောင်ကြီး..
ကျနော် ပြောတာတော့ အဖတ်မလုပ်ပဲ.. အဲ့မိန်းမတွေ ထိုင်ကြည့်နေတယ်.. "ငိုတော့မလို.. မျက်နှာ အနည်းငယ်မဲ့ကာ.. နှုတ်ခမ်းစူလာတဲ့.. ၀က်ဝံညိုကြောင့်.. နဂိုကမှ အာရုံမရောက်သည့်.. ဇာတ်လမ်းတွဲကို.. ပြူးကြည့်မိတော့မှ..
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..