သည်ကနေ့ကတော့.. ဂျုံအင်လေး.. အင်မတန့် အင်မတန် စောင့်မျှော်နေခဲ့ရသော.. ရုံးပိတ်ရက် ဖြစ်လေသည်..။
သို့သော်.. တစ်ရက်တာ အားလပ်ရက်အတွင်း day out ထွက်ကာ.. အသားကုန် ဖြဲမယ် ဟု ဂျုံအင်..ရည်ရွယ်ထားသမျှသည်.. မိုးလင်းကတည်းက ရွာနေသော.. မိုးစက်များကြောင့်.. တီဗီရှေ့တွင်သာ.. ခြေချုပ်မိနေရသည့်အဖြစ်.. ။
သားပျောက် ရှာပုံတော် ဖွင့်ရင်း.. မပြီးနိုင်မစီးနိုင် အရစ်ရှည်နေသည့်.. ဒရမ်မာဇာတ်ကားထဲက.. အိညှောင် အိညှောင်.. မင်းသားနဲ့ မင်းသမီးကိုလည်း.. အတော့်ကို မြင်ပြင်းကပ်လာသည့်အလျောက်.. အိမ်စောင့်နတ်နှင့် ရန်ဖြစ်ထားသော.. ဂျုံအင်ခဗျာ.. ဆိုဖာပေါ် ခေါင်းနှစ်ရင်း.. တအီအီ နဲ့ ၀က်ဝံကလေး ပျားရည်အိုးပျောက်သလို..ရှုံ့တွတွအသံပေးရင်း.. ညည်းနေလေသည်..။
" ဂင်ဂျုံအင်.. ဘောင်းဘီရှည်သွားဝတ်စမ်း!
မြင်ရကြည့်ရတာ စိတ်မချမ်းသာတာ.. "ရုံးပိတ်ရက်ကိုပင်.. အလုပ်အိမ်သယ်လာတတ်သော.. ဂျောင်ဆူးက.. ဂျုံအင်နှင့် မျက်စောင်းထိုး ဆိုဖာခုံပေါ်ကနေ.. စာရွက်စာတမ်းတွေ စစ်နေရင်း.. ခပ်တိုးတိုး ပြောလေတော့.. ဆိုဖာလက်ရန်းပေါ် ခေါင်းနှစ်ထားသော.. ဂျုံအင်က..ခေါင်းမော့လာကာ.. နှုတ်ခမ်းစူရင်း.. မျက်စောင်းထိုးလာလေသည်.. ပြီးကျမှ.. ဟင့်ခနဲ.. ပြန်ရှိုက်သလို.. အသံပေးရင်း.. တအီအီနဲ့.. တီကောင်ဆားပက်ခံရသလို.. ဆိုဖာပေါ်တင်.. တွန့်လိမ်နေပြန်ရော..
ဂျောင်ဆူးပြောတာလည်း ဟုတ်သည်..။
ပေါင်လောက်ရှိသော.. အသားရောင် ဘောင်းဘီတိုနှင့်.. ဂျုံအင်ဝတ်ထားသော.. ရှပ်အကွက်စင်းလက်ရှည်ဟာ.. ဘယ်လိုမှ မအပ်စပ်..။ သည်ကြားထဲ ဒင်းက.. ဆိုဖာပေါ် မှောက်ရက်အိပ်ရင်း.. တွန့်လိမ်နေတာမို့.. ရှည်လှတဲ့ ခြေထောက်နှစ်ချောင်းမှ အားမနာ.. လုပ်နေသမျှက..မျက်လုံးထဲ ကန့်လန့်ကြီး။
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..