" ဒိုဂျောင်ဆူး.. ! ဒိုဒို ah .. ! ဂျောင်ဂျောင် ah!
ဆူးဆူး ah! "ဘေးနားကနေ.. တီကောင်ကို ဆားပက်ပြီး ငရုတ်သီးမှုန့် အဖြူးခံထားရသလို လိမ်ခေါက် တွန့်လိမ်နေသော.. ဂျုံအင့်ကို ကြည့်ရင်း ဂျောင်ဆူးတစ်ယောက် ခေါင်းတွေပါမက.. မျက်စိတွေပါ နောက်လာသည်..
ဘယ်နှယ့်.. တော်ရုံမဟုတ်..။
ဘေးကနေ.. ပျားရည်အိုး ပျောက်သွားတဲ့.. ၀က်ဝံညို ဓာတ်လိုက်ခံရသလို ရုပ်နဲ့ တအိအိအော်နေတာများ ဂျောင်ဆူး နားလေးတွေပါ မအေးချမ်းရ .. ။ဘာဖြစ်နေသလဲဆိုတော့.. ဝက်ဝံကောင်ရယ်လေ..
ဂျောင်ဆူး ဟင်းချက်နေတဲ့ နေရာကို အတင်းရော ကာရော ၀င်လာပြီး.. သူ့ကို ဟင်းချက်နည်း သင်ပေးပါတဲ့လေ..လာပြီး အမှိုက်ဖွမယ့် အတူတူ.. မသင်ပေးနိုင်ဘူး ဆိုပြီး ငြင်းပြန်တော့လည်း.. မီးဖိုချောင် ပေါက်ဝကနေ ( သူ့ခမျာ ဂျောင်ဆူး ယောင်းမနဲ့ ခေါက်မှာ ကြောက်လို့ အထဲလည်း မ၀င်ရဲ ) တံခါးဘောင်လေးကို ခေါင်းလေးမှီပြီး..တအီအီအော်နေတာ .. မပြီးနိုင် မစီးနိုင်.. ။
" ငုတ်တိုကြီးလို့! ရေခဲကောင်ကြီးလို့! ဟိရောင်လို့! လုပ်ပါဆိုနေ.. လုပ်ပါ.."
" အာ.. သင်ပေးမယ်.. လာကွာ.. လာ.. ရှုပ်ကိုရှုပ်တယ်.."
တဖြည်းဖြည်း စူလာတဲ့ နှုတ်ခမ်းပါးကို.. ဒိုဂျောင်ဆူး မနေနိုင်စွာ မျက်နှာလွှဲရင်း ပြီးပြီးရော အော်လိုက်တော့.. ၀က်ဝံညိုက ယုန်လို ခုန်ပေါက်ပြီး ပျော်ပျော်ပါးပါးနဲ့ မီးဖိုချောင်ထဲ ၀င်လာလေရဲ့.. ။
" ဟီး.. ဘယ်က စသင်ရမလဲ.. "
" ရော့... သခွားသီးကို သေချာလှီး.. လက်ကို မထိစေ.. "
" အ!.. "
သူ့လက်ထဲကို ဓားထည့်ပေးလိုက်ရင်း အမှာစကားဆိုလို့တောင် မဆုံးသေး.. ဒင်းလေးက.. အော်ရင်း.. မျက်နှာလေး မဲ့ကာ.. ဓားကို လွှတ်ချလိုက်တာမို့.. စိတ်ထဲ ထိတ်ခနဲ.. ။
DU LIEST GERADE
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..