မီးဖိုချောင်ထဲကနေ.. မရပ်မနားဆက်တိုက်ထွက်နေသော.. စားချင်စဖွယ်.. အနံ့ပေါင်းစုံက.. ဆိုဖာပေါ်မှာ.. မျက်လုံးမှိတ်ရင်း မှေးနေသော.. ဂျုံအင့်ကို.. အနည်းငယ်တော့.. စိတ်သက်သာရရစေသည်..
" မထဘူးလား.. ရုံးသွားရမှာ.. "
ကိုယ်ပေါ်မှာ ဘယ်အချိန်ကတည်းက.. ရောက်နေမှန်းမသိတဲ့ စောင်အပြာလေးကို.. ဆတ်ခနဲ ဆွဲခွာခံလိုက်ရရင်း.. အနားမှာ လာရပ်တဲ့ ငုတ်စိဂျောင်ဆူး... ။
ရုံး .. ?
ဒီနေ့ပီဇာဆိုပဲ.. ။
သေတောင် မသွားဘူး.. ဂင်ဂျုံအင်လေး ဒီတစ်နေ့ ရုံးမသွားလည်း .. ဆိုးဆိုးဝါးဝါး... ဘာမှတော့ ဖြစ်စရာမရှိ.." အားးး .. မသွားချင်ဘူး..
မသွားချင်ဘူးဆိုနေ.. ကျွန်တော့်ကို အသေသတ်လိုက် မသွားဘူးးးးးးးးး "အနောက်ကနေ.. ခြေထောက်ကို ဆောင့်ဆွဲကာ.. ဆိုဖာပေါ်ကနေ.. ဆွဲချနေသော.. ငုတ်စိ ပင်ကွင်းကောင်ကြီးကြောင့်.. အသက်ရှင်ရရေးအတွက်..
မှီရာ ဆိုဖာလက်တန်းကို အတင်းကုတ်ဆွဲရင်း ရုန်းကန်နေသော.. ဂင်ဂျုံအင်.. ။ ကိုယ်က ရုန်းလိုက်.. သူကဆွဲလိုက်နဲ့ ချွေးသံရွဲရွဲ မောနင်းexercise လုပ်နေတာများ.. လွန်ဆွဲပွဲကြီးလိုလို .. ဘာလိုလို .. ။" ဂင်ဂျုံအင်.. အိမ်လခဈေးကြီးတယ်နော်..!! "
နိုင်ကွက်ကို အပြီနင်းထားသော.. ဂျောင်ဆူးက.. ဆိုဖာကို ပတ်ကျိလို တွယ်ကပ်နေသော.. ဂျုံအင့် ခြေထောက်ကို အမောခံ ဆက်ဆွဲမနေတော့ပဲ.. လက်နှစ်ဖက်ကို ဘုတ်ဖတ်ခါရင်း.. မီးဖိုချောင်ဘက်ထွက်သွားတော့.. ခနတာ ငိုင်ကျန်နေခဲ့သော.. ဂျုံအင့်ဆီမှ.. ရင်ခေါင်းသံကြီးက ခပ်ကျယ်ကျယ်.. ထွက်လာလေသည်.. ။
" အီးးးး... မနေဘူး... ဒီအိမ်ပေါ်ကဆင်းပြီး
ဂန်းနမ်ရပ်ကွက်မှာ သွားတောင်းစားမယ်.. အီးးး.. "ရှုံ့မဲ့ကာ အော်ဟစ်နေသော.. ဂျုံအင့်အသံကြောင့်.. ထမင်းကြော်ကို.. အပေါ့အငံမြည်းနေသော.. ဂျောင်ဆူး.. လှစ်ခနဲ ပြုံးလိုက်သည်ကိုတော့.. ဂျုံအင် မမြင်လိုက်ပါ.. ။
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..