ပြန်ဆုံမယ့်နေ့....part 5
================ဒါးရယ်က ရှမ်းသီချင်းလေးညည်းကာ သူ့လက်ထဲရှိ ဝါးကိုအချောသပ်နေသည်။သူ့ကိုကြည့်ရသည်မှာ လန်းဆန်းနေ၏ ၊ တက်ကြွနေ၏၊ တစ်ခုခုကို ကျေနပ်သယောင်ရှိနေ၏။သူပျော်ရွှင်နေသည်ကို ကြည့်ရင်းနှင့်ပင်ကျွန်တော်လဲ ကြည်နူးရသည်။
မှတ်ချက် ၂။ တစ်ယောက်၏ ခံစားမှုကို နောက်တစ်ယောက်က ထပ်တူခံစားနေရလျှင် ထိုခံစားချက်သည် အချစ်ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်၏။
''ဒါးရယ်..ရေဘူး"
တိုးညှင်းစွာထွက်ပေါ်လာသော ကျွန်နော့်စကားသံကြောင့် သူကအနောက်ကိုလှည့်ကြည့်သည်။
''နိုးပြီလားဗိုလ်လုံ.....လန်းသွားအောင် မျက်နှာသစ်လိုက်ပါလား....ရေနဲ့သဘက်ရှိတယ်.....''
သူကပြောပြောဆိုဆိုဖြစ် နေရာမှထကာ........ရေဘူးနှင့်သဘက်ကိုယူလာပေးသည်။''ရော့သစ်လိုက်......ခနနေရှေ့ဆက်သွားကြမယ်.......နေ့လည်လောက်ဆို ချောင်းအနားရောက်ပြီ....ညကပလူတွေထွက်ထားတော့ ငါးတက်မယ်....အဲ့အခါမှ ငါးရှာ.....ဟင်းချက်ကြတာပေါ့.....''
''အင်း.....''
မျက်နှာသစ် ပြီးသည်နှင့် မြူကွဲစ အချိန်တွင် ကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်လာခဲ့ကြသည်။ အစိမ်းရောင်ပန်းချီထဲ ဝင်ရောက်ပျောက်ကွယ်သွားသည့်ပမာ ကျွန်တော်တို့အား တောအုပ်ကြီးကဖုံးအုပ်ထားသည်။ အစာရှာ ကျေးငှက်များ၏အော်မြည်သံများကလဲ ပတ်ဝန်းကျင်တစ်ခွင် စွေ့စွေ့ညံနေသည်။ လမ်းများအတိုင်းမသွားဖြစ်ပဲ တောင်ကြောများအတိုင်းသာ ခရီးဆက်ဖြစ်သည်။ လမ်းများအတိုင်းသွားလျှင်ခြေရာခံမိသွားနိုင်သည့်အတွက်ဖြစ်သည်။ တောင်အထပ်ထပ် တောအသွယ်သွယ်ကိုဖြတ်ကျော်ရပေမဲ့ ဒါးရယ်၏တွဲလက်တစ်စုံသည် ကျွန်တော့်အားခွန်အားသဖွယ်ဖြစ်နေသည်။ စိတ်ညီးညူမှုကိုမဖြစ်ပေ....။ ပေါ့ပါးကာလန်းဆန်းနေစေသည်။
ВЫ ЧИТАЕТЕ
ပြန်ဆုံမယ့်နေ့
Приключенияဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ