ပြန်ဆုံမယ့်နေ့..... part 6
==============နှစ်ရက်သုံးရက်ခန့် ရှေ့ဆက်လာခဲ့အပြီး boundary အနားသို့ကျွန်တော်တို့ရောက်လာခဲ့သည်။
ကျွန်တော်တို့တွင်ပါလာသော ရိက္ခာသည်လဲ.....ကုန်ခမ်းလုနီးပါးဖြစ်လာသည်။ boundary အနားရောက်လာ၍ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်များစိုက်ပျိုးထားသော တောင်ယာအနည်းငယ်ရှိနိုင်သည်။ ထိုတောင်ယာများမှအသီးအနှံအနည်းငယ်ကို တောင်းယူရန်ကျွန်တော်ကစိတ်ကူး၏။ပင်ပန်းမှုဒဏ်ကို အနည်းငယ်အံတုကာ ရေချောင်းအတိုင်း တက္လာရာ မလှမ်းမကမ်းရှေ့တစ်ခေါ်လောက်တွင် တောင်ယာခင်းကြီးကို မြင်တွေ့ရ၍ အမောများပင် အနည်းငယ်ပြေသွားရသည်။ တောင်ယာခင်းပုံစုံမှာ ပြောင်းပင်များဖြစ်နိုင်သည်။ ပြောင်းဖူးများအနည်းငယ်ရလျှင် ပင် ကျွန်တော်တို့အတွက်ရက်အနည်းငယ်ကို ပြောင်းဖူးဖြင့် ရိက္ခာဆက်နိုင်မည််မဟုတ်လား။
"အဝယ်....ရှေ့မှာပြောင်းခင်း.....ပိုင်ရှင်ကိုခွင့်တောင်းပြီးနည်းနည်းယူကြရအောင်..."
"အင်း....ဗိုလ်လုံဗိုက်ဆာနေပြီလား......"
ကျွန်တော် ဗိုက်ဆာနေပေမဲ့ ဒါးရယ္ကို မပြောဖြစ်.....။ ကျွန်တော်ဆာနေသည်ကိုသူသိလျှင် ဇောကပ်၍ပင်ပန်းနေဦးမည်။ ကျွန်တော့်ကြောင့် အမှုကိစ္စအသေးအမွှားလေးကိုပင် သူပင်ပန်းမည်ကိုမလိုလားပေ....။ ကျွန်တော်သူ့အားပြုံးယုံသာပြုံးပြလိုက်သည်။
ပြောင်းခင်းနားအရောက်တွင် တောင်ယာတဲ၌ပိုင်ရှင်ရှိလေမလားဟု အသံပြုမိသေးသည်။ သို့ရာတွင် အထဲကဘာအသံမှပြန်မပြုပေ.....။ ဆာလဲဆာပင်ပန်းမှုဒဏ်ကြောင့် ဒါးရယ်ကစိတ်မရှည်စွာပင် ပြောင်းခင်းအတွင်းသို့ဝင်သည်။ ကျွန်တော်တားချိန်ပင်မရလိုက်.....။
"ဒါးရယ်.....ခနေနပါဦး....."
"ပိုင်ရှင်မှမရှိတာ.....ကျွန်တော်တို့နည်းနည်းယူတော့ဘာမှမဖြစ်လောက်ပါဘူး......"
ဒါးရယ္က ပြောရင်းဆိုရင်း အနီးရှိပြောင်းဖူးများကိုဆွတ်ခြူနေသည်။ သူ့ကိုကြည့်၍ကျွန်တော်လဲ အလိုလိုပင် ပြောင်းဖူးများကိုခူး၏။ လေး ငါး ဆယ် ဖူးခန့်ရသောအခါ...... .ပြောင်းခင်းအပြင်မှ အသံတစ်စုံတစ်ရာကိုကြားရသည်။
ESTÁS LEYENDO
ပြန်ဆုံမယ့်နေ့
Aventuraဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ