ပြန်ဆုံမယ့်နေ့ .... part 10
===============ရွာလေးသည် အိမ်ခြေ ၂၀လောက်သာရှိသော ရပ်ကွက်မျှသာမရှိသည့် ရွာအသေးစားဖြစ်သည်။ ရွာ၏မြောက်ဘက်တွင် ချောင်းတစ်ခုစီးဆင်းနေပြီး ချောင်းကိုဖြတ်လျှင်တစ်ဖက်နိုင်ငံသို့ရောက်မည်ဖြစ်သည်။ ဒါးရယ် ထူထူထောင်ထောင်ဖြစ်မည့်အခြေအနေကိုမျှော်ရင်း သုံးလေးရက်ခန့်ရွာတွင်နေရန် ကျွန်တော်ကစိတ်ကူးထား၍ ဒါးရယ်တို့အဖွဲ့ ၏သတင်းကိုလဲအမြဲမပြတ်နားစွင့်နေရသည်။
အမိုးတို့အိမ်ေလးသည် အိမ်ရှေ့နှင့်အိမ်နောက်သာရှိသော တင်းကုပ်သာသာမျှပင်ဖြစ်သည်။ ကျွန်တော်တို့ရောက်တော့ အမိုးကအိမ်နောက်တွင် နေရာပေးပြီး လိုလားပြူငှါစွာဆက်ဆံသည်။ အမိုးကပြူငှါသော်လဲ အမိုး၏သမီး နော်ထူး၏မျက်ဝန်းနှင့်အကြည့်များသည် သဘောတစ်မျိုးကိုသက်ရောက်နေမှန်းကျွန်တော်သတိထားမိသည်။ မဖော်မရွေဆက်ဆံခြင်းမျိုးမဟုတ် ဖော်ရွေသော်လဲ အလိုက်အထိုက်သဘောမျိုးဖြစ်သည်။ ဒါးရယ်ကိုကြည့်သော သူမ၏အကြည့်များတွင်လဲ စိမ်းလဲ့နေပြီး တစ်ခုခုကိုသင်္ကမကင်းသလိုနှင့် အလိုမက်သလိုလေးဖြစ်နေသည်။ ပိုဆိုးသည်က နော်ထူး၏အကြည့်မ်ားကို ဒါးရယ်ကအကြည့်မခံန်ှုင်၍ ရှောင်ရှားတတ်ခြင်းပင်ဖြစ်သည်။ ဒါးရယ်က မူမပျက် ရှောင်တတ်ပေမဲ့ ကိုယ့်ချစ်သူ၏စိတ်နေစိတ်ထားကို အသေးစိတ်ကအစသိသော ကျွန်တော့်အပေါ်တော ့ဒါးရယ်ဟန်မဆောင်နိုင်ပါ....။
ညနေ နေစောင်းချိန်တွင် ရွာအနောက်ရှိချောင်း၌ကျွန်တော်တို့ကိုယ်လက်သန့်စင်ဖြစ်ကြသည်။ ရွာမြောက်ဘက်က ချောင်းကိုတော့မသွားဖြစ် ထိုချောင်းတွင် စက်လှေသမားများနှင့် ချောင်းဖျားဖြစ်ေသာကြောင့် ရေချိုးရေခပ်သူမ်ားကပေါလှသည်။ အနောက်ဘက်ရှိချောင်းကခြုံထူကာ ရေအနက်တိမ်၍ မည်သူမှသိပ်မလာကြ.....။ ထို့ကြောင့် လူအရောက်အပေါက်နည်းသော ချောင်းကိုသာ ကျွန်တော်တို့ရွေးဖြစ်ကြသည်။
ခြုံအနည်းငယ်ထူ၍ ပတ်ဝန်းကျင်နှင့်အကာအကွယ်ရေသာ သောင်စပ်တစ်နေရာတွင် ကျွန်တော်တို့ကိုယ်လက်သန့်စင်၏။ ပထမဦးဆုံး ဒါးရယ်ကိုသောင်ပေါ်တွင်ထိုင်စေ၍ သူ၏ဒဏ်ရာမ်ားကို ရေဖြင့်သန့်စင်ပေးသည်။ ရေနှင့်ထိတွေ့သောကြောင့် ဒဏ်ရာများ၏စပ်ဖြင်းဖြင်းခံစားရမှုဒဏ်ကို စုပ်သတ်သတ်ကာဒါးရယ်ကအံတု၏။
YOU ARE READING
ပြန်ဆုံမယ့်နေ့
Adventureဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ