ပြန်ဆုံမယ့်နေ့....(part 2)
------------------ကျွန်တော့်ကို ဖမ်းဆီးချုပ်နှောင်ထားသောနေရာသည်အပေါ်က မိုးထားရုံသာရှိသည့်သက်ကယ်မိုးနှင့် လက်တစ်ဆုပ်စာလုံးပတ်ရှိ သစ်ကိုင်းမ်ားကို အသုံးပြုထားသည့် ၆ပေသာသာကျယ်သော လှောင်အိမ်တစ်ခုအတွင်းဖြစ်သည်။ အမြင့်က ၅ပေမျှသာရှိမည်။ ကျွန်တော်မတ်တပ်ရပ်လျှင် အရပ်နှင့်မလွတ်လပ်ပေ။ တောင်ကြားနေရာက ယာယီစခန်းဖြစ်၍ ယာယီတဲမ်ားမွအပ ခိုင်ခန့်သည်ဟုပြောစရာနေရာရှာမတွေ့...။ တောင်ပေါ်ဒေသကမိုးသည် တစ်ခါတစ်ရံ စွေစွေဖွဲဖွဲလေးရွာသွန်းတတ်သည်။ သဲကြီးမဲကြီးရွာသွန်းခြင်းမျိုးမဟုတ်ပဲ မိုးပြားလေးသဖွယ်.....စိုရုံသာဖြန်းပက်သည်။ သက်ကယ်ရွက်ကျဲကျဲကြားမှ မိုးပြားမ်ားက စိုယုံသာ လာစင်ပေမဲ့ စင်ဖန်မ်ားတော့ လူကချမ်းစိမ့်စိမ့်ဖြစ်လာသည်။ ကျွန်တော်က ဒူးထောင်လျက် ထိုင်ပြီး ဒူးကိုလက်နှစ်ဖက်နှင့် တင်းကြပ်စွာဆုပ်ကိုင်၍အအေးဒဏ်ကိုအံတုသည်။
ထိုအချိန်က ကျွန်တော့်စိတ်အတွင်း......ကြောက်စိတ်များလဲအနည်းငယ်ဝင်၏။ စိုးရိမ်စိတ်များလဲဝင်၏။ အားငယ်စိတ်များလဲဝင်၏။ နာကျည်းစိတ်များလဲဝင်၏။ စိတ်အစဉ်သည် တစ်သတ်မတ်ထဲမရှိ ရောက်တတ်ရာရာမျောပါနေကာ.....မည်သည့်အရာကို တွေးပူနေမှန်း သတိမထားနိုင်လောက်အောင်ပင်ဖြစ်နေ၏။
ကျွန်တော်စိတ်ကစဉ့်ကလျားဖြစ်နေစဉ်အတွင်း....ကျွန်တော့်ကိုချုပ်နှောင်ရာလှောင်အိမ်နားသို့ လျှောက်လာသောခြေလှမ်းသံကိုကြားရသည်။ ရန်သူအဖွဲ့ထဲမှတစ်ယောက်ဖြစ်နိုင်သည်။ ကျွန်တော့် ကိုကင်းခ်စောင့်ကြပ်မည့်သူမှလွဲ၍မဖြစ်နိုင်.........။ ထိုသူက ကျွန်တော့်ရှေ့နားတွင်ရပ်လျက် ကျွန်တော့်မျက်နှာရှေ့တည့်တည့်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကာစူးစိုက်ကြည့်လေသည်။
တစ်ခြားအချိန်မ်ားမွာဆို ထိုသို့မျက်နှာကိုလက်နှိပ်ဓာတ်မီးနှင့်ထိုးလျှင် ဒေါသကြောင့် ကျွန်တော်ဆူဆဲမိလိမ့်မည်။ သို့ရာတွင် ထိုအချိန်က ကျွန်တော်အားငယ်စိတ်များသာကြီးစိုးနေ၍ ထိုသူကို ခေါင်းမော့ကာပြုံးပြလိုက်မိသည်။ ကျွန်တော့်အပြုံးသည် အစစ်အမှန်အပြုံးလား ကျွန်တော်မသိ...။ ကျွန်တော်နှုတ်ခမ်းကတော့ လှုပ်သွားသည်။ အရေပြားလွှာလေး တင်းယုံလှုပ်သွားပါသည်။
YOU ARE READING
ပြန်ဆုံမယ့်နေ့
Adventureဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ