ပြန်ဆုံမဲ့နေ့.....(part 1)
------------------------------ထောင်ဗူးဝ တံခါးက ကျွီခနဲပွင့်လာသည်နှင့် အေးစက်တည်ငြိမ်သောခြေလှမ်းများဖြင့် သူလှမ်းလျှောက်ကာဝင်လာသည်။ ဒီနေ့ရော ယခင်နေ့များအတိုင်း အဆင်မပြေဖြစ်မည်လား.....။ ဒီနေ့က နောက်ဆုံးနေ့ဖြစ်၍အဆင်ပြေမှကိုဖြစ်မည်။ အဆင်ပြေအောင်လဲ သူအစွမ်းကုန်ကြိုးစားရပေမည်။ မနက်ဖြန်ဆိုသည့် မျှော်လင့်ချက်က သူ့အတွက်မရှိ။ မနက်ဖြန်က သူမှတ်တမ်းယူရမည့် အကျဉ်းသား၏ လွတ်မြောက်ခြင်းနေ့ ဖြစ်၍နေပေသည်။
ပထမဆုံး ရုံးခန်းများရှိရာအဆောင်သို့လှမ်းလာခဲ့သည်။ ရုံးခန်းများရှိရာအဆောင်၏အစွန်ဆုံးဘက်ရှိ ထောင်မှူး၏ရုံးခန်းအတွင်း သူလှမ်းဝင်လိုက်သည်နှင့် ထောင်မှူးက ပြုံးရီကာနှုတ်ဆက်သည်။ထောင်မှူး၏အပြုံးသည် သူ့အားလှောင်နေသယောင်.....
''ကိုထင်ကျော်.....စိတ်မလျော့ဘူးနော်....ဒီနေ့ကအဆင်ပြေမယ်ထင်ပါတယ်....သူမနက်ထဲကရေမိုးချိုးပြီး....လန်းလန်းဆန်းဆန်းနေနေတယ်....''
ခရီးရောက်မစိုက် ထောင်မှူးစကားကြောင့် သူအနည်းငယ်တော့အားတက်သြား၏။ လန်းဆန်းနေသည်ဆိုခြင်းမွာ....မနက်ဖြန် ထိုသူရဲ့ လွတ်မြောက်ခြင်းနေ့ကြောင့်လား.....။ဟုတ်တန်ကောင်းပါရဲ့.....။
''ဒီနေ့...အစွမ်းကုန်ကြိုးစားရမယ်ဆိုပါတော့ဗျာ.....သူ့ဖြစ်စဉ်က...ရှာမှာရှားတဲ့အမှုလေ....''
''ကြိုးစားကြည့်ပါဦး....ဒီနေ့တော့ စစ်ဆေးခန်းထဲမသွင်းတော့ဘူး....မနက်ဖြန် သူ့လွတ်မြောက်ခြင်းနေ့ဖြစ်နေလို့...အပြင်ပေးမထွက်ဘူး....သူ့အခန်းထဲပဲသွားလိုက်ပါ....''
''ဟုတ်ကဲ့ပါထောင်မှူး.....ကျွန်တော့်ကိုခွင့်ပြုပါဦး...''
သူသက်မမျှင်းမျှင်း ချလျက် နေရာမှထထွက်လာခဲ့သည်။အကျဉ်းသားဆီမွ ယူမည့်မှတ်တမ်းမ်ားကို သူခေါင်းထဲအစီစီအရီရီရေးဆွဲရင်း လျှောက်လာ၏။ တွေးနေရင်းမှပင်...ယခင်နေ့များလို အဆင်မပြေဖြစ်မည်ကိုလဲစိုးရွံ့မိနေသည်။ ထိုသူထံ သူရောက်ဖြစ်နေသည်က အခေါက်ပေါင်းမရေတွက်နိုင်...။ ရောက်တိုင်းလဲ....မေးသမျှမေးခွန်းကို မဖြေပဲ မှိုင်တွေတွေသာထိုင်နေတတ်သည့့်ထိုသူကို မှတ်တမ်းယူချင်စိတ်ပါပျောက်မိသည်က အခါခါ။ အနုနည်းဖြင့် ချော့မြူ၍ယူခဲ့သလို....ခြိမ်းခြောက်၍လဲယူဖူးသည်။ သိူ့သော်လည်း ထိုသူက နှုတ်ခမ်းဟ၍ ညီးညူသံပင် တစ်စိုးစဉ်းမျှမထွက်ခဲ့.....။
KAMU SEDANG MEMBACA
ပြန်ဆုံမယ့်နေ့
Pertualanganဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ