ပြန်ဆုံမယ့်နေ့.....part 7
=================''ကျွန်တော်တို့ရောက်ခါနီးနေပြီ ဗိုလ်လုံ.....ဘဝသစ်တစ်ခုကိုထူထောင်နိုင်တော့မယ်.....''
ဒါးရယ်ကပြောပြောဆိုဆိုဖြင့် အနောက်သို့လှည့်ကာ ကြည်နူးစွတ်ပ်ံ့နေသောမျက်ဝန်းများဖြင့် ကျွန်တော့်ကိုကြည့်သည်။ သူ့အကြည့်ကိုကျွန်တော်ရင်မဆိုင်နိုင်......။ သူမျက်ဝန်းကပျော်ရွှင်မှုဖြင့် ထိန်လင်းနေပေမဲ့ ကျွန်တော့်ရင်ထဲ စိုးရိမ်စိတ်များဖြင့်အမှောင်ဖုံးနေသည်။ ကျွန်တော်ကေနရာတွင် အားငယ်စွာဖြင့် ထိုင်ချလိုက်သည်။
ကျွန်တော့်အခြေအနေကို ရိပ်မိသြားသော ဒါးရယ်က ပျော်ရှွင်နေသော သူ၏ခံစားရသမျှကိုဖုံးကွယ်လိုက်သည်။ ပြုံးနေသောသူ၏နှုတ်ခမ်းသည် တည်တံ့ကာသွားသည်။ သူသည် ကျွန်တော့်၏စိတ်ခံစားချက်အသေးအမွှားလေးကိုပင် အရေးပေးတတ်သောသူတစ်ဦးမဟုတ်လား.....။ စိတ်ဓာတ်က်အားလျော့နေသည့် ကျွန်တော့်လက်ရှိအခြေအနေကို သူရင်ဆိုင်လက်ခံနိုင်မည်မဟုတ်ပေ...။
''မပျော်ဘူးလားဗိုလ်လုံ........''
''ဟုတ်တယ်...အဝယ်......''
ကျွန်တော်နှစ်ယောက်ရဲ့ပတ်သက်မှုကြားတွင် ဖုံးကွယ်မှုဟူသည်ကမရှိ....။ လက်တြဲဖော်နှစ်ယောက်ကြားတွင် တစ်ယောက်၏အခက်အခဲကိုတစ်ယောက်ကနားလည်ရမည်ဟုကျွန်တော်ကတွေးသည်။ ထိုသည်ကို ဒါးရယ်လဲတွေးပုံရ၏။ ဖုံးကွယ်မှုသည်က ရေရှည်တည်တံ့စေမည့်အရာထဲတွင်မပါ.....။ တစ်ခြားသူတွေအတွက် ဖုံးကွယ်မှုဆိုသည်ကရှိနိုင်ပေမဲ့......ကျွန်တော်တို့နှစ်ယောက်ကြားတွင်တော့ မရှိစေရ......။ တစ်ယောက်နှင့်တစ်ယောက်ယုံကြည်မှုရှိနေပြီ ဆိုပေဦးတော့ ထိုဖုံးကွယ်မှုသည် ယုံကြည်မှုကိုပျက်ပြားစေသည်။ အသေးအမွှားကို အသာထား၍ ကိုယ့်ခံစားချက်ကြီးကြီးမားမားကိုတော့ မဖုံးကွယ်သင့်ဟုကျွန်တော်ကထင်သည်။
ဒါးရယ်က ကျွန်တော့်ဘေးနေရာတွင်ဝင်ထိုင်လိုက်သည်။
''ဘာဖြစ်လို့လဲဗိုလ်လုံ.......''
ကျွန်တော်က စိတ်မလန်း၍ သူလဲပန်းသွားရသည်ဟုထင်သည်။ သူ၏အသံသည်လဲ ယခင်လောက်တက်ကြွမေနတော့။
KAMU SEDANG MEMBACA
ပြန်ဆုံမယ့်နေ့
Pertualanganဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ