ပြန်ဆုံမယ့်နေ့....part 4
================ဒါးရယ်သည် ကျွန်တော့်ကိုကြည့်နေရာမှာ မျက်နှာလွှဲကာအဆက်အစပ်မရှိသောစကားကိုဆိုပြန်သည်။
''ဆောရီးကျွန်တော် စိတ်နဲ့ကိုယ်မကပ်ဖြစ်သွားတယ်...''
ပြောပြီးသည်နှင့် ဒါးရယ်ကမျက်နှာကိုလွှဲ၏။
သူမျက်နှာလွှဲရာဘက်သို့ဝင်ကာ ကျွန်တော်ကထိုင်သည်။ ကျွန်တော်ထိုင်သည်နှင့် ဒါးရယ်က ရှေ့သို့ပြန်လှည့်ကာနေဝင်ရာကိုပြန်ကြည့်သည်။ ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ရဲပဲ ရှိနေတာ ဘာကြောင့်များလဲကွယ်...။''ဒါပေမဲ့....ခုနက တကယ်လှတယ်....''
ဒါးရယ္က မျက်နှာလွှဲလျက်ပင် စကားကိုဆိုလေသဘ်။
သူ့စကားကိုကျွန်တော်က ခေါင်းညိတ်ပြီးထောက်ခံ၏။ သူကျွန်တော့်ဘက်လှည့်မကြည့်ပဲနေဝင်ရာဆီသို့သာ မျှော်ငေးနေသည်။ နေ့အလင်းပျောက်လုလု အမှောင်ဆိုင်းနေသောတောင်ထိပ်နောက်သို့ နေလုံးနီနီကွန်းခိုသွားသည်ကို တစ်ငြိမ့်ငြိမ့်တအိအိလေးမြင်တွေ့နေရသည်က သိပ်ကိုဘဝင်ကျလှသည်။ ကျွန်တော်သည်လဲမျှော်ငေးကာကြည့်နေမိသည်။''ကျွန်တော်ဗိုလ်လုံနဲ့အတူရှိနေရင်ဘယ်လိုဖြစ်နေမှန်းမသိဘူး.......''
''ဘယ်လိုဖြစ်နေလို့လဲ.....''
သူ့ဆီကအဖြေစကားကိုကြားချင်လွန်း၍ တစ်ဆက်တည်းမေးမိသည်။ ဒါးရယ်က ချက်ချင်းခေါင်းငိုက်ဆိုက်ကျသွားသည်။
''ဒုက္ခတွေ့နေတာတောင် ပျော်နေတယ်......လမ်းပျောက်နေပေမဲ့.....အလင်းရောင်ကိုမြင်တွေ့နေရတယ်.......ပင်ပန်းပေမဲ့.......ကျွန်တော်ကြည်နူးတယ်....''
အို.....အဲ့ဒါကိုဘယ်လိုအဓိပ္ပါယ်ကောက်ရပါ့....အချစ်လား.....။ ထူးဆန်းလွန်းတဲ့သံယောဇဉ်တစ်မျိုးလား.....။ ဒါမှမဟုတ် အနေနီး၍သွေးနှီးခြင်းသဘောမျိုးလား.......။ ရောက်တတ်ရာရာစဉ်းစားပေမဲ့ ကျွန်တော်အဖြေမှန်ကိုမတွေးမိချေ။ သေချာသည်က ဒါးရယ်ပြောသလို ကျွန်တော်လဲခံစားနေရသည်။
''ဗိုလ်လုံသိလား....ကျွန်တော်အသက်ရှုရကြပ်သလိုဖြစ်ဖြစ်သွားတယ်......အရှိအတိုင်းဝန်ခံရရင် ဗိုလ်လုံအပေါ်ကျွန်တော်မရိုးသားဘူး.....ဒါပေမဲ့အဲ့ဒါကမဖြစ်သင့်ဘူးနော်......ဘယ်လိုကြီးမှန်းမသိဘူးရယ်....''
VOCÊ ESTÁ LENDO
ပြန်ဆုံမယ့်နေ့
Aventuraဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ