ပြန်ဆုံမယ့်နေ့.....(part 3)
-----------------မေးခွန်း အမှတ်(၂)၏ အဖြေ(၁)
အားကိုးရာမဲ့နေသော ကျွန်တော့်၏ခံစားချက်အားသူလွှမ်းမိုးခြင်း
################မိဘမဲ့၊ အလုပ်အကိုင်မဲ့၊ အားကိုးရာမဲ့နေသော ဝရမ်းပြေးတစ်ယောက်၏မှီတွယ်ရာ တံတိုင်းတစ်ခုသည် ပြည့်စုံကုန်လုံအောင်ခိုင်ခန့်မနေခဲ့ပါ....။ ယိုင်နဲ့နဲ့တံတိုင်းသည် ကျွန်တော့်အတွက် မုန်တိုင်းအလီလီကို ကြံ့ကြံ့ခံရပ်တည်လျက်ရှိနေပေးခဲ့သည်။
လက်မောင်းမှနာကျင်မှုဒဏ်ရာထပ် နှလုံးသား၏နာကျင်မှုသည်ဆိုဖွယ်ရာမရှိ...။ အဆက်မပြတ်ပြေးလွှားခဲ့သည်မွာ တစ်နာရီကျော်် နှစ်နာရီနီးပါးရှိခဲ့ပြီဖြစ်သည်။ စိတ်နှလုံးပင်ပန်းမှုဒဏ်သည် ကိုယ်ခန္ဓာအားအင်ကိုပါကုန်ဆုံးစေသည်။ ကျွန်တော်ဆက်လက်ပြေးဖို့ခွန်အားမရှိတော့ပဲ ပြိုယိုင်ကာလဲကျသွားသည်။ မောပန်းနွမ်းလျမှုဒဏ်ကြောင့် အသက်ကိုပင်အားတင်းကာရှူနေရသည်။
ကျွန်တော့်၏ရင်ဘက်အစုံသည် ဖားဖိုကြီးနှယ် ဖောင်းလိုက်လျော့လိုက်ဖြစ်၍နေသည်။
''ဗိုလ်လုံမောနေပြီလား....ခနနားပြီးရင်ဆက်ပြေးမယ်နော်.....''
ဆက်ပြေးမယ်.....။ အဘယ်အရပ်ကိုပြေးမှာလဲဟု ကျွန်တော်မေးလိုက်ချင်သည်။ စစ်တလင်းကထွက်လာခဲ့သည်က ဦးတည်ရာမဲ့နေသည့်အရပ်ဆီ။ ဦးတည်ရာမဲ့နေသည်မွာ အရပ်မျက်နှာပင်မဟုတ် အနာဂတ်များအားလုံးက ဦးတည်ရာမဲ့နေသည်။ ဘယ်ဆီကိုသြား၍ ဘာဆက်ဖြစ်ကြမည်ကို ခုချိန်ထိမသိပေ။ နှစ်ယောက်လုံး၏အနာဂတ်သည် ဝေဝေဝါးဝါးပင်မရှိတော့။ ပြေးမည်ဟုဆိုခြင်းမွာ.......အသက်လုယုံသက်သက်ပဲလား.....။ သေမင်းခံတွင်းဝပေါ်လှမ်းလျှောက်နေရသည့် လူသားနှစ်ဦး၏ရည်မှန်းချက်သည် အသက်ရှင်ယုံမျှသာလား.....။ ထိုသည်ကိုပင် ဒါးရယ်က ဂရုမထားပဲ မောဟိုက်နေသောကျွန်တော့်အား......လက်ဖဝါးဖြင့်ယက်ခက်ပေးကာ ဖေးမနေသေးသည်။ အနာဂတ်ဟူသည်ကို သူတွေးတောပုံမပေါ်။
''ဒါးရယ်....အဝယ်.....''
ကျွန်တော်ရှေ့ဆက်ကာစကားဆိုချင်သော်လည်း မောဟိုက်နေပေသည်။ ဒါးရယ်ကကျွန်တော့်ကျောကိုပွတ်သပ်ကာဖြင့်...
![](https://img.wattpad.com/cover/114764132-288-k285946.jpg)
YOU ARE READING
ပြန်ဆုံမယ့်နေ့
Adventureဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ