ပြန်ဆုံမယ့်နေ့....part 5
================ဒါးရယ်က ရှမ်းသီချင်းလေးညည်းကာ သူ့လက်ထဲရှိ ဝါးကိုအချောသပ်နေသည်။သူ့ကိုကြည့်ရသည်မွာ လန်းဆန်းနေ၏ ၊ တက်ကြွနေ၏၊ တစ်ခုခုကို ကျေနပ်သယောင်ရှိနေ၏။သူပျော်ရွှင်နေသည်ကို ကြည့်ရင်းနှင့်ပင်ကျွန်တော်လဲ ကြည်နူးရသည်။
မှတ်ချက် ၂။ တစ်ယောက်၏ ခံစားမှုကို နောက်တစ်ယောက်က ထပ်တူခံစားနေရလျှင် ထိုခံစားချက်သည် အချစ်ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်၏။
''ဒါးရယ်..ရေဘူး"
တိုးညှင်းစွာထွက်ပေါ်လာသော ကျွန်နော့်စကားသံကြောင့် သူကအနောက်ကိုလှည့်ကြည့်သည်။
''နိုးပြီလားဗိုလ်လုံ.....လန်းသြားအောင် မျက်နှာသစ်လိုက်ပါလား....ရေနဲ့သဘက်ရှိတယ်.....''
သူကပြောပြောဆိုဆိုဖြစ် နေရာမှထကာ........ရေဘူးနှင့်သဘက်ကိုယူလာပေးသည်။
''ရော့သစ်လိုက်......ခနနေရှေ့ဆက်သွားကြမယ်.......နေ့လည်လောက်ဆို ချောင်းအနားရောက်ပြီ....ညကပလူတွေထွက်ထားတော့ ငါးတက်မယ်....အဲ့အခါမွ ငါးရှာ.....ဟင်းချက်ကြတာပေါ့.....''
''အင်း.....''
မျက်နှာသစ် ပြီးသည်နှင့် မြူကွဲစ အချိန်တွင် ကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်လာခဲ့ကြသည်။ အစိမ်းရောင်ပန်းချီထဲ ဝင်ရောက်ပျောက်ကွယ်သွားသည့်ပမာ ကျွန်တော်တို့အား တောအုပ်ကြီးကဖုံးအုပ်ထားသည်။ အစာရှာ ကျေးငှက်မ်ား၏အော်မြည်သံမ်ားကလဲ ပတ်ဝန်းကျင်တစ်ခွင် စွေ့စွေ့ညံနေသည်။ လမ်းများအတိုင်းမသွားဖြစ်ပဲ တောင်ကြောများအတိုင်းသာ ခရီးဆက်ဖြစ်သည်။ လမ်းများအတိုင်းသွားလျှင်ခြေရာခံမိသွားနိုင်သည့်အတွက်ဖြစ်သည်။ တောင်အထပ်ထပ် တောအသွယ်သွယ်ကိုဖြတ်ကျော်ရပေမဲ့ ဒါးရယ်၏တွဲလက်တစ်စုံသည် ကျွန်တော့်အားခွန်အားသဖွယ်ဖြစ်နေသည်။ စိတ်ညီးညူမှုကိုမဖြစ်ပေ....။ ပေါ့ပါးကာလန်းဆန်းနေစေသည်။
မိုးဦးကျပြီး နေထွက်စဖြစ်၍ စမ်းချောင်းသွယ်သွယ်ကမ်းစပ်များရှိ ကျောက်တုံးများပေါ်တွင် လိပ်ပြာ.....ဖြူနီဝါများကနားနေတတ်ကြသည်။ ထိုမြင်ကွင်းမျိုးသည့် ကျွန်တော်ကို မိနစ်အနည်းငယ်အထိ ငိုင်ကာသြားစေသည်။ ငိုင်ပြီးနောက် ကျောက်တုံးများထပ် ဖြေးညှင်းစြာတောင်ပံခပ် နေသော လိပ်ပြာများကိုမမှိတ်မသုန်ငေးမိသေးသည်။ စမ်းရေကြည်ကြည်၊ကျောက်တုံးများနှင့် ရောင်သွေးစုံသောလိပ်ပြာများသည် ဘယ်ပန်းချီမမှီနိုင်အောင်လွပ၍နေသည့် ဆေးရောင်စုံသဘာဝပန်းချီကားတစ်ချပ်ဖြစ်သည်။
YOU ARE READING
ပြန်ဆုံမယ့်နေ့
Adventureဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ