ပြန်ဆုံမယ့်နေ့ ....Part 8
မှောင်ရီပျိုးကာ ကြယ်ရောင်မ်ားက နေရာကွက်ကြားတွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသည်။ ချောင်းရေပြင်အထက်၌ ပိုးစုန်းကြူးများကပျံဝဲနေသည်။ တိမ်ရောင်သည် လကိုမဖုံးကွယ်၍ မှိန်မှိန်မှိုင်မှိုင်း အလင်းရောင်က ပတ်ဝန်းကျင်မှာထင်းနေသည်။ ကျွန်တော်တို့နှင့် အနီးတစ်ဝိုက်တွင်တော့ မီးပုံမှအလင်းရောင်ကြောင့် ဝင်းထိန်နေသည်။ ပုစင်းရင်ကွဲများ၏စူးစူးရှရှအော်မြည်သံနှင့် မီးပုံမှ ထင်းမီးစြဲသံမ်ားက သံစဉ်တီးလုံးတစ်ခုပမာ ကျွန်တော့်၏နားတွင်ထင်ယောင်နေသည်။ ထိုသံစဉ်ကြားမှ ဒါးရယ်က ရှမ်းသီချင်းအေးအေးငြိမ်းငြိမ်းလေးတစ်ပုဒ်ကိုဆိုရင်း ရရှိသောငါးများကို ကြေးခွံချွတ်၍် အတွင်းမှကလီစာထုတ်ကာ ရွံ့ဖြင့်မံနေသည်။ ကျွန်တော်က ဒါးရယ်၏ဘေး၌သူလုပ်သမ်ွ ကိုအပြုံးတဝေဝေဖြင့်ငေးကြည့်နေသည်။
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ပွဲအလီလီကိုဖြတ်ကျော်ခဲ့ရဖူးသော်လည်း ယခုတစ်ခါမွေးနေ့ပွဲသည် ပျော်ရွှင်မှုထပ် ကြည်နူးမှုကပိုတိုးလို့နေသည်။ ဒုက္ခအလီလီကြားမှ ရခဲသောပျော်ရွှင်မှုကို ရှာကြံပေးသည့် ဒါးရယ်ကိုလဲကျေးဇူးအထူးတင်ပါသည်။
ရွံ့မံ၍အပြီး ငါးမ်ားကို မီးပုံအတွင်းထည့်၍ ဒါးရယ်ကကျွန်တော့်ဘေးတွင်ပြန်ထိုင်သည်။ ပြီးနောက် ကျွန်တော့်၏ပုခုံးကိုဖက်ကာ လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။ ကျွန်တော်ကလဲ အလိုက်သင့် သူ၏ပုခုံးထက်သို့ခေါင်းကိုမှီလိုက်သည်။
''မြို့ပေါ်မှာလောက်တော့ပျော်စရာမကောင်းဘူးထင်တယ်နော်......''
အဆုံးအစမရှိသူ့စကားကြောင့် ကျွန်တော်မွီနေရာမှခေါင်းကိုခွာလိုက်ပါသည်။ အရာရာတိုင်းကိုပေးဆပ်နေရင်းတောင် ဘာကြောင့်မလုံလောက်သေးဘူးလို့ထင်နေရတာလဲကွယ်.....။ အဲ့ဒါကရော ချစ်ခြင်းရဲ့ထင်မြင်ချက်တစ်ခုပဲလား ကျွန်တော်မစဉ်းစားတတ်တော့။
''ဟင့်အင်း ပိုပျော်တယ် ပျော်တာထက်ကိုကြည်နူးတယ်......''
ဒါးရယ်က မချိပြုံးလေးပြုံးလျက် မီးပုံကိုတုတ်နှင့်ဆွရင်းစကားပြန်သည်။
YOU ARE READING
ပြန်ဆုံမယ့်နေ့
Adventureဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ