part 9 unicode

633 79 0
                                    

ပြန်ဆုံမယ့်နေ့ ..... part 9
==============

မိုးစင်စင်လင်း၍ နေပင်မြင့်လာသည်။ ကျွန်တော်သစ်ပင်အကွယ်မွ မှိုင်တွေနေသည်မွာ နာရီပေါင်းမြောက်များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိတ်လန့်စိုးရိမ်မှုများကြောင့် အသက်ကိုပင်ပြင်းပြင်းမရှူရဲချေ။ ခပ်ထွေထွေ ဖြင့်တွေဝေနေသည်မွာ မျက်တောင်ပင်ခတ်မိရဲ့လားကျွန်တော်မသိ.....။

ခုချိန်ဒါးရယ်မည်သို့ရှိနေမည်နည်း....။ အချိန်ကြာလေလေ ဒါးရယ်၏အသက်အန္တရာယ်သည်လဲ စိုးရိမ်ရလေလေ ဖြစ်သည်။ သူတို့အဖွဲ့၏ ဥပဒေဟူသည်က သူတို့ခေါင်းဆောင်၏နှုတ်ဖျားတွင်သာရှိသည်။ သင့်သင့်မျှတမှုဟူသည်ကမရှိ...။ ဆုံးဖြတ်ချက်ဟူသည်ကလဲ သူတို့၏ဒေါသနှင့်စတင်ပြီး လက်ဖ်ားအရွေ့လေးမှာပင် တစ်ပါးသူ၏အသက်ဇီဝိန်ကိုခြွေနိုင်သည်။

တွေးရင်း တွေးရင်းပင် ကျွန်တော်ကြက်သီးများဖြန်းခနဲဖြန်းခနဲထကာ ဇောချွေးလေးများရစ်ဝဲလာသည်။ နဖူးမွ ချွေးစကိုလက်ဖမိုးဖြင့်သုတ်ကာ ဒါးရယ်ကိုကယ်တင်မည့်အရေးကို အကောင်အထည်ဖော်စဉ်းစားနေမိသည်။ နောက်နေ့ကူးရန်မသင့်.......ယခုပင်လိုက်သွားမှဖြစ်မည်။ ထိုသည်ကိုပင် ဒါးရယ်သည်အနည်းအများနှိပ်စက်ခံရပေဦးမည်။ မနေ့ကမိုးရွာထား၍ ရေဝပ်သောမြေပျော့တွင် သူတို့၏ခြေရာများထင်ကျန်နေလိမ့်မည်....။ ထိုခြေရာများကို နောက်ယောင်ခံလိုက်လျှင် သူတို့စခန်းချရာသိူ့ရောက်နိုင်သည်။ စခန်းရောက်မွ ဒါးရယ်အားဆက်လက်ကယ်ရမည့်အစီအစဉ်ကိုထပ်ဆွဲမည်ဟုကျွန်တော်ကတွေးသည်။ စခန်း၏ အသွင်အပြင်ကို မသိရှိပဲ ကယ်မည့်အစီအစဉ်ကို ယခုထဲကကြိုတွေးဖို့တော့မဖြစ်နိုင်ပေ.....။

နေမြင့်လေသောကြောင့် အစာအိမ်ကအသံပေးကာဆန္ဒထုတ်ဖော်နေလေပြီ.......။ ကျော်ပိုးအိတ်အတွင်း ကြည့်မိတော့......ပြောင်းဖူး နှစ်ဖူးကျန်သေးသည်။ သို့ရာတွင်ကျွန်တော်မစားရက်ချေ။.ကျွန်တော်က စိတ်အေးလက်အေး စားနိုင်နေသော်လည်းဒါးရယ်ရောမည်သို့ရှိနေမည်ကို တွေး၍ပင် ကျွန်တော်စိတ်မအေးနိုင်တော့...။ မီးအနည်းငယ်ကိုဖိုကာ ဟန်းကောဖြင့်ချောင်းရေခပ်၍ ပြောင်းဖူးကိုကျွန်တော်ပြုတ်သည်။ ဒါးရယ်ကိုပြန်လည်ကယ်တင်ပြီးပါက ကျွေးရန်ဖြစ်သည်။ အကျဉ်းသားအဖြစ်ရှိနေသော ဒါးရယ်သည် အဟာရမျှတယုံပင်ရိက္ခာရလိမ့်မည်မဟုတ်နိုင်...။ ထို့ကြောင့် ဤပြောင်းဖူးနှစ်ဖူးကပင် သူရှေ့ဆက်အင်အားရနိုင်ပေလိမ့်မည်ဟု ကျွန်တော်ကထင်မှတ်သည်။

ပြန်​ဆုံမယ့်ေ​န့Donde viven las historias. Descúbrelo ahora