part 11 unicode

697 79 0
                                    

ပြန်ဆုံမယ့်နေ့....part 11
==============

ကျွန်တော်ဒါးရယ်ကိုငေးကြည့်လိုက်စဉ်တွင် ဒါးရယ်က ခပ်လှမ်းလှမ်းရှိကိုင်းတောကို ငိုင်ကြည့်ရင်းခပ်တုံ့တုံ့ပြုံးနေသည်။ သူ့အပြုံးသည်ကျွန်တော်နှင့် အလှမ်းကြာဝေးနေဆဲမှာပင်ရှိသေးသည်။ ဒါးရယ်ကိုပိုင်ဆိုင်ရပြီးဟုထင်မှတ်ထားသောကျွန်တော့့်အတ္တကိုကျွန်တော်ပြန်စမ်းစစ်မိသည်။ ကျွန်တော် ဒါးရယ်ကိုမပိုင်ဆိုင်သေးယုံသာမက သူ၏အပြုံးများကိုပင် အဓိပ္ပါယ်မဖော်တတ်သေးသည်အထိ မေးခွန်းများစွာရှိနေသည်။ တကယ်တော့ကျွန်တော်က သူ၏အပြုံးတစ်ပွင့်ကိုပင် အဓိပ္ပါယ်မဖော်တတ်သေးသည့်ခပ်ညံ့ညံလူသားတစ်ဦးလား....။ ဒါမှမဟုတ် ဒါးရယ်၏အပြုံးသည်အဖြေမရှိသောမေးခွန်းတစ်ပုဒ်များဖြစ်၍နေမလား....။

နေစောင်းလုပြီ.......

ကျွန်တော်တို့ ဒီသဲသောင်စပ်တွင်ထိုင်နေသည်မှာအချိန်အတော်အသင့်ကြာနေပေပြီ....။ စရောက်ကတည်းက ကျွန်တော်ကဒါးရယ်ကို ငေးကြည့်နေမိသလို ဒါးရယ်သည်လဲ ကိုင်းတောကိုသာငိုင်ကြည့်နေခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် စကားတစ်စမ်ွ မပြောဖြစ်သလို ကျွန်တော်တို့ကြားကိုပင် လေပြေသည်လဲ တစ်စိုးတစ်စဉ်းမ်ွမသွေးပါ....။ တစ်နည်းအားဖြင့် အရာအားလုံးတိတ်ဆိတ်နေသည်။ ညနေစောင်းဖြစ်၍ ကျေးငှက်များအိပ်တန်းတက်ဆူညံနေသော်လဲ ကျွန်တော့်အာရုံတွင်တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်၏အနှစ်သာရကို ကျွန်တော်မခံစားမိပေ....။ တိတ်ဆိတ်နေသောကျွန်တော့်အာရုံတွင် ငေးကြည့်နေသော ဒါးရယ်၏အပြုံးသာပေါ်နေသည်။ သို့သော်ထိုအပြုံးကိုကျွန်တော်အဓိပ္ပါယ်မဖော်တတ်။

ဒါးရယ်က အချိန်အတော်တန်ကြာငေးကြည့်နေရာမှ ကျွန်တော့်ဘက်လှည့်ကာလာသည်။ ပြီးနောက်သူပြုံးပြ၏။ ယခုတစ်ခါအပြုံးကိုတော့ကျွန်တော် အဓိပ္ပါယ်ဖွင့်ဆိုတတ်သည်။ သူ့အပြုံးသည် နှုတ်ခမ်းပေါ်မှအရေတွန့်လေးများအနည်းငယ်ဆန့်တန်းသြားစေသည့် ပြုံးတုံ့တုံ့လေးတစ်ခု.....။ ထိုအပြုံးနှင့်စပ်လျဉ်း၍ ကြည်တောက်လာသောမျက်ဝန်း...ထိုမျက်ဝန်းအတွင်းမွ ကျွန်တော့်ကို ယုံကြည်ပါ ဟုစေညွှန်းနေသော အရေကြည်ကြည်လေးများ....။ အိုး.....မြင်ရသော သူ့အပြုံးနှင့် သူ့မျက်ဝန်းသည် ကျွန်တော့်ကိုကြက်သီးများပင်ထသြားစေပါသည်။

ပြန်​ဆုံမယ့်ေ​န့Tempat cerita menjadi hidup. Temukan sekarang