ပြန်ဆုံမယ့်နေ့ ......part 12 (end part)
=========================နောက်ဆုံးမေးခွန်း......
လွတ်မြောက်ခြင်းနေ့ကို ပြန်ဆုံမယ့်နေ့ဟု ဘာကြောင့်သတ်မှတ်ရသနည်း....။
==============================မှောင်ရီဝေနေသောမနက်ခင်းလေးသည် မြူခြေများတိမ်းခိုနေ၍ရှစ်မျက်နှာတစ်ခွင်မြူများလွှမ်းခြုံနေသည်။ အရုဏ်ဦးဖြစ်၍ကျေးငှက်သာရကာမ်ား၏ အစာရှာထွက်ချိန် ဆူညံသံများကိုကြားရသည်။ တဲအတွင်း ပစ္စည်းများကိုသိမ်းပြီးသည်နှင့် ကျွန်တော်တို့ ရှေ့အခန်းသို့ ထွက်လာတော့ အမိုးက နိုးနှင့်လေပြီ.။ သို့သော် ဘေးတွင် နော်ထူးရှိမနေပါ.....။ မနက်စောစော ဘယ်သွားသည်ကို ကျွန်တော်တို့မသိပေမဲ့ အမိုး၏ ပြောဆိုမှုကြောင့် တောင်ယာထဲသွားသည်ဟု သိလိုက်ရသည်။ ကျွန်တော်တို့နှစ်ယောက် တဲအပြင်ထွက်တော့ ပတ်ဝန်းကျင်သည် အမှောင်စိုင်းနေဆဲ ညီအစ်ကို မသည်းကြဲသေးသည့်အချိန်တွင်ရှိသည်။ ဒီအခြေအနေက ပတ်ဝန်းကျင်ကို အကာအကွယ်ပြု၍ ကျွန်တော်တို့နှစ်ယောက်သွားရန် အဆင်ပြေစေပါသည်။
တစ်ယောက်၏ လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း နှစ်ယောက်ဘဝ၏ လမ်းအသစ်တစ်ခုကို ဖောက်လုပ်ရန် ကျွန်တော်တို့ စတင်လျှောက်လှမ်းခဲ့သည်။ ပထမဆုံး စလှမ်းသောခြေလှမ်းကို် ယုံကြည်မှုအပြည့် အားအင်အပြည့်ဖြင့် စတင်မိသည်။ နှစ်ယောက်လုံး၏ မျက်နှာတွင် ကြည်နူးပျော်ရွှင်မှုများ ယှက်ပြေးနေကာ ဆုပ်ကိုင်ထားသော လက်မ်ားက တင်းကြပ်နေသည်။ ကျွန်တော်တို့၏ ဘဝသည် ယခုအချိန်တွင် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့လေပြီ......။
ရွာမြောက်ဘက် အထွက်နားရောက်တော့ နောက်ဆုံးအနေနှင့် ဇာတိချက်ခြွေ နိုင်ငံကြီးကို နှုတ်ဆက်အကြည့်များဖြင့် ကျွန်တော်တို့ကြည့်မိကြသည်။ နောက်တစ်ခါဆိုသည်မွာ မရှိတော့သည့်အတွက် နှုတ်ဆတ်အကြည့်ကို မျက်စိတစ်ဆုံး ကြည့်သည်။ ကြည့်လို့ဝမှ ကျွန်တော်တို့ ရွာကို ကျောခိုင်း၏။
ယုံကြည်အားကိုးမှုဖြင့် ကျွန်တော်က ဒါးရယ်ကို ဝေမှုန်မှုန်စိုက်ကြည့်သည်။ သူ့ကို ကိုးစားပါဟူသော အဓိပ္ပါယ်ဖြင့် ဒါးရယ်က ကျွန်တော့်၏လက်မောင်းနှစ်ဖက်ကို ပြန််လည်ဆုပ်ကိုင်သည်။
STAI LEGGENDO
ပြန်ဆုံမယ့်နေ့
Avventuraဒီ fic ကိုရေးဖို့အတွက် အကြံဥာဏ်ရခဲ့တဲ့ ဂျူးရဲ့ သူ မင်းကိုဘယ်တော့မှနဲ့ Ami ရဲ့ အစိမ်းရင့်ရင့်အလွမ်း ကိုကျေးဇူးတင်ပါတယ်.... Credit လဲပေးပါတယ်..... စစ်သားဘဝနဲ့ အကျဉ်းသားဘဝရေးတဲ့နေရာမှာ အမှားပါခဲ့ရင် ခွင့်လွှတ်သည်းခံဖတ်ပေးကြပါ