ဒီနေ့ ဖေဖေအိမ်ကို ရောက်လာသည်......
အိမ်ဆိုတာက ဒေါ်လေးတို့အိမ်လေ... Yoon တို့
မေမေဆုံးသွားကတည်းက ... Yoon တို့ ညီအစ်
မနှစ်ယောက်... ဒေါ်လေးအိမ်မှာ သွားနေခဲ့ကြတာ
လေ... အဓိကအကြောင်းအရင်းကတော့... ဖေ
ဖေ့ရဲ့ နောက်မိန်းမ ဆိုတဲ့ အန်တီကြီးကြောင့်....
Im Hanyo ဆိုတဲ့ ဖေဖေက မေမေဆုံးပြီး တစ်
နှစ်အကြာမှာ... Park Bom ဆိုတဲ့ အန်တီကြီးနဲ့
လက်ထပ်ခဲ့တယ်....
Yoon ကတော့ ဖေဖေ့အပေါ် အပြစ်မမြင်ခဲ့...
အသက်လေးဆယ်ကျော် အရွယ်ကောင်းဘဲရှိ
သေးတဲ့ ဖေဖေဟာ.. ဆေးပေးမီးယူလေးတော့
ရှိသင့်သည်ဟု ထင်သည်လေ...
ဒါပေမယ့် Fany unnie ကတော့ အမြင်ချင်းမ
တူ...
သမီးနှစ်ယောက်ထပ်တောင် ပိုချစ်လို့.. နောက်မိန်
းမယူသွားတာ.. ဟုဆိုကာ... ဖေဖေကဘယ်ဆို..
သူကညာ....
အမြဲတမ်းအရွဲ့တိုက်နေကာ....
ရည်းစားထားတာ မကြိုက်ဘူးဟု ဖေဖေ
ပြောသည့်နေ့က ... တစ်နေ့ထဲနဲ့.. ရည်းစားသုံး
ယောက်ကို ဖေဖေနဲ့ မိတ်ဆက်ပေးခဲ့သည်....
နောက်ဆုံး... unnie ရဲ့ ရည်းစားတွေ... Yoon နဲ့
Unnie ကို လူမှားပြီး ... စကားတွေလာလာပြော
နေကြလို့... နှစ်ယောက်လူချင်းကွဲအောင်... Yoon
ရဲ့ ဆံပင် အရှည်တွေကိုတောင် တိုအောင် ညှပ်
ပစ်ခဲ့ရသည်လေ....
အိမ်ရောက်ရောက်ချင်း...
Mr Im: သမီးရေ... Fany ... Yoon...
သမီးတို့အတွက် ... ဖေဖေလက်ဆောင်ပါလာတယ် ...
YOU ARE READING
The Way You Love....
FanfictionIm Tiffany. Im Yoona ဆိုတဲ့ အမွှာ နှစ်ယောက် ကြားထဲက ကွာခြားမှုတွေ..... အခဲမကြေမှုတွေနဲ့အတူ အရွဲ့တိုက်ချင်စိတ်တွေနဲ့ Im Yoona နဲ့ လက်ထပ်ခဲ့တဲ့ Jessica Jung ....