The Way You Love 6

2K 169 30
                                    


Tiffany ... Sooyoung အိမ်​မှာ ဒီတိုင်းကြီး​နေ​နေရတာ.. ကြာ​တော့ အားနာလာသည်​....

Sooyoung ဆိုသည်​မှာလဲ ...မိဘ​တွေဆုံးသွားပြီးကတည်းက... ဘဏ်​ကအတိုး​​တွေနဲ့ ထိုင်​စား​နေတဲ့သူဆို​တော့ ... သူ့မှာလည်း မယ်​မယ်​ရရ အလုပ်​ကမရှိ.....

ဒီ​တော့ နှစ်​​ယောက်​​ပေါင်းပြီး...အလုပ်​တစ်​ခုခုလုပ်​ရင်​​ကောင်းမလားစိတ်​ကူးမိသည်​.....

သူအိမ်​ကထွက်​လာတုန်းက ယူလာတဲ့ပိုက်​ဆံ​တွေကလည်း.. မသုံးရ​သေး.... ဒီအတိုင်းရှိ​နေ​သေးသည်​.......

ဒီ​နေ့စကားစပ်​မိရင်​​တော့ ... ​ပြောဦးမှပါ​လေ.....




At Yoonsic's side.........

ဝယ်​စရာရှိတာ​တွေ ဝယ်​ရန်​ဆိုတဲ့ အ​ကြောင်းပြချက်​နဲ့... mall တစ်​ခုကို လိုက်​ပို့​ပေးလိုက်​​တော့ ... မနက်​ဆယ်​နာရီ​လောက်​ကတည်းက ပတ်​​နေလိုက်​တာ ... နှစ်​နာရီထိုး​တော့မည်​...အခုထိ ... အစ်​မ​တော်​​လေးက မပြီးနိုင်​မစီးနိုင်​......

အလာတုန်းကလည်း... ကား​မောင်း​နေရင်း....သူ့ကို ​ငေး​ငေးကြည့်​ရတာ ကိုယ်​မှာ ကားမတိုက်​တာကံ​ကောင်းလို့​ပြောရမည်​.....

မိတ်​ကပ်​​နံ့​တွေ... နှုတ်​ခမ်းနီနံ​တွေ ... သူမခံနိုင်​ပါလို့ ​ပြောတုန်းက...

" နှုတ်​ခမ်းနီ​တော့ ဆိုးပါရ​စေ unnie ရယ်​.... နှုတ်​ခမ်း​ခြောက်​​ခြောက်​ကြီးနဲ့ မ​နေတတ်​လို့ပါ... အနံ့ပါတာ​တွေ လုံးဝမဆိုးပါဘူး..."

ဆိုပြီး... ကတိ​တွေ အထပ်​ထပ်​​ပေးကာ... ​တောင်းဆိုလာ​တော့ Sica ဆိုးခွင့်​ပြုလိုက်​ရသည်​....

အခု​တော့လည်း... နီနီရဲရဲ နှုတ်​ခမ်းပါးပါး​လေး​တွေ ကို သူမကြာခဏ ခိုးကြည့်​​နေရပြီ........

ဒါ​ပေမယ့်​ သူ့ရဲ့ စိတ်​ခံစားချက်​​တွေကို​တော့ ... Yoon မြင်​​တွေ့ခွင့်​မရ​အောင်​...သူအတတ်​နိုင်​ဆုံး သိုဝှက်​ထားခဲ့သည်​........

Yoon : unnie... ဟိုဘက်​သွားကြည့်​ရ​အောင်​...

Yoona ဝယ်​တာ ​စောင့်​​နေရင်းက​နေ....တစ်​​ယောက်​ထဲ​တွေး​နေရာက... သူမအသံကြားမှဘဲ သတိကပြန်​ဝင်​လာသည်​......

The Way You Love.... Where stories live. Discover now