ညဦးပိုင်းကို ရောက်လာသလောက် အမှောင်ထုကလည်း တစ်စတစ်စ စိုးမိုးလာသည်...Jessica တစ်ယောက်လဲ စိတ်ဆိုးပြီးအိမ်က ထွက်သွားသော ချစ်ဇနီး Yoona အတွက် စိတ်ပူနေချေပြီ...
ဆိုဖာပေါ်တွင် ထိုင်လိုက် ထလိုက်ဖြင့် ဂနာမငြိမ်နိုင်....
Sica : Yoon ရယ် ဘယ်တွေများ လျှောက်သွားနေရတာလဲ...
Sica စိတ်မရှည်စွာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်...။
ဖုန်းဆက်တော့လည်း မကိုင် သူ့ appa အိမ်မှာလည်း မရှိ...
ဒီကောင်မလေးဘယ်တွေများ လျှောက်သွားနေပါလိမ့်...
နောက်တော့ စိတ်မချနိုင်တော့တဲ့ အဆုံး ကားသော့ဆွဲကာ ထွက်ရှာလိုက်တော့သည်...။
❀ ❀ The Way You Love ❀ ❀
Fany : မဖြစ်နိုင်ဘူး... လုံးဝကို လက်မခံနိုင်ဘူး appa...
ဧည့်ခန်းက ဆိုဖာမှာ တည်ငြိမ်သည့် မျက်နှာဖြင့် ထိုင်နေသော Mr: Im ကတော့ အေးအေးပင်...
Mr:Im : Tiffany Im ..ငါနင့်ကို တစ်ခုခုမလုပ်မိခင် နင်ခေါင်းမမာတော့တာ ကောင်းလိမ့်မယ်... အရင်တစ်ယောက်နဲ့ စီစဉ်တုန်းကလည်း ဖိတ်စာတွေ ရိုက်ပြီးကာမှ အိမ်ကနေ ထွက်ပြေးတယ်... ငါတို့ဘယ်လောက် အရှက်ရခဲ့သလဲ... နင်က ငါတို့မိသားစုကို တစ်ရှက်ကနေ နှစ်ရှက်ဖြစ်အောင် လုပ်ချင်တာလား...
Fany : Fany... Fany တောင်းပန်ပါတယ် appa ရယ်.... နောက်ဆို Fany လိမ္မာပါ့မယ်... appaစကားလည်း နားထောင်ပါ့မယ်... ဒါပေမယ့် မင်္ဂလာကိစ္စကို... အဲ့ဒိ ကိစ္စလေးတစ်ခုကိုတော့ Fany တကယ်ချစ်တဲ့သူနဲ့လဲ လက်ထပ်ပါရစေ... နော်...
Mr:Im ထိုင်နေသော ဆိုဖာခြေရင်းတွင် ဒူးထောက်ကာ လက်နှစ်ဖက်ကို ယှက်တွဲပြီးတောင်းပန်နေသော Tiffany ပုံစံက သနားစရာ...
သို့ပေမယ့် Mr:Im ဘက်ကလည်း မလျှော့နိုင် ... ဒီသမီးတစ်ယောက်ကို အခုချိန်မှာဘဲဖစ်ဖြစ် ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်မှဖြစ်မည်...။

VOUS LISEZ
The Way You Love....
FanfictionIm Tiffany. Im Yoona ဆိုတဲ့ အမွှာ နှစ်ယောက် ကြားထဲက ကွာခြားမှုတွေ..... အခဲမကြေမှုတွေနဲ့အတူ အရွဲ့တိုက်ချင်စိတ်တွေနဲ့ Im Yoona နဲ့ လက်ထပ်ခဲ့တဲ့ Jessica Jung ....