" မသွားရဘူး... အို .. လုံးဝမသွားရဘူး... ဘယ့်နှယ့် ကလေးလေးရှိသေးတာ... မိန်းမပိုးတတ်နေပြီ... ငါခေါက်ထည့်လိုက်ရ သေလိမ့်ဦးမယ်...."
တစ်ယောက်တည်းလမ်းလျှောက်နေရင်း... စကားသံလေး ဆူညံဆူညံကြားလို့... လိုက်ရှာကြည့်လိုက်တော့... ခြံထောင့်မှာ ဇွန်ပန်းရုံအောက်က ... ခွေးတိုးပေါက်ကလေးကို... တော်ကီ့ကို ပိုက်ရင်း ဖြစ်သလို ထိုးသိတ်ပိတ်ဆို့နေသော... Yoona ကို တွေ့လိုက်ရ၏....
ဇွန်ပန်းရုံလေးအောက်မှာ.. ရေမြောင်းခွေထားသဖြင့်... မြေက စိုပွပွလေးဖြစ်နေကာ...
ခြံတိုင်တွေက လျော့တိလျော့ရဲ ဖြစ်နေသဖြင့်...
ခွေးတိုးလိုက်တာနှင့် ... အပေါက်တစ်ပေါက် ဖြစ်သွားနိုင်၏.....ထိုအပေါက်ကိုဘဲ... Yoon က တော်ကီ့ကို တစ်ဖက်ကပွေ့ထားရင်း... လုံခြုံအောင် ပြန်လည်ဖာထေးနေ၏.... ပိုက်ထားသည့် တော်ကီကလည်း... ငြိမ်ငြိမ်မနေ.....
Yoon : ငါခေါက်လိုက်မိတော့မယ်နော်.ကောင်စုတ်လေး.... ရည်းစားလိုချင်လို့... လူကြီးကို ကလန်ကဆန်လုပ်လာတာ... နင့်ကို ကြိုးနဲ့တုပ်ထားမယ်... ဘာမှတ်လဲ.....
အပေါက်ကိုပိတ်ပြီးသော်လည်း... ချောင်ထဲကနေ ထွက်မလာသေးဘဲ... တော်ကီကို ထိပ်ပုတ်လိုက် ဆွဲခါလိုက်နှင့် ... ပြောလို့မပြီးနိုင်.....
Yoon : ဟိုဘက်အိမ်က လူတွေက ခါနေတာဘဲသိလား... သူတို့ဟာလေးကို နင်နဲ့ပေးစားမှာမဟုတ်ဘူး.... ငါမသိအောင်ဝင်သွားတာနဲ့ နင့်ကို ဝိုင်းသမကြမှာ...
တော်ကီက နားလည်နေသလို မော့နားထောင်လိုက်... ဟိုဘက်ကို မျှော်ကြည့်လိုက်လုပ်နေ၏....
Sica ဘေးကနေ... ရပ်ကြည့်နေတာကို ... Yoon ကမမြင်... ပေကျံနေသည့် သူမလက်တစ်ဖက်ကို .. ဖြန့်ကြည့်ကာ.....Yoon : သွား.. အိမ်ထဲဝင်နှင့်... တော်ကြာ ဟိုပုဂ္ဂိုလ်ကြီးမြင်ရင် ပေတယ် ကျံတယ်နဲ့ ကြီးကျယ်နေဦးမယ်......
CZYTASZ
The Way You Love....
FanfictionIm Tiffany. Im Yoona ဆိုတဲ့ အမွှာ နှစ်ယောက် ကြားထဲက ကွာခြားမှုတွေ..... အခဲမကြေမှုတွေနဲ့အတူ အရွဲ့တိုက်ချင်စိတ်တွေနဲ့ Im Yoona နဲ့ လက်ထပ်ခဲ့တဲ့ Jessica Jung ....