The Way You Love Final👭💓

2.3K 186 33
                                    

Tiffany သူမလက်​​တွေက ဓားဆီကို လှမ်းကိုင်​လိုက်​ မိတဲ့ အချိန်​...

Hyo: အမ​လေး... Fany ... သမီး​လေး
လက်​ထဲက ဟာကြီး ချလိုက်​စမ်းပါ သမီးရယ်​... မရူးမိုက်​ချင်​စမ်းပါနဲ့....

လှည့်​ကြည့်​လိုက်​မိ​တော့ ​ဒေါ်​လေးဖြစ်​သူ Hyoyeon ... သူမလက်​ထဲက ဓားကို မြင်​ပြီး တံခါးဝက​နေ အူယားဖားယား ​ပြေးလာတာကို
မျက်​ဝန်းအိမ်​အပြည့်​ ရစ်​သီ​နေတဲ့ မျက်​ရည်​​တွေ​ကြောင့်​ ဝါးတားတားသာ မြင်​ရသည်​...။

Fany : ​ဒေါ်... ​ဒေါ်​လေး...

Tiffany ​ပြောရင်း ဒူး​ခွေပြီး ​ပျော့ကျသွားသည်​...။ ​ဘေးနားက Hyoyeon က လှမ်းထိန်းထားလိုက်​ရင်း ကုတင်​​ပေါ်ကို ​ပွေ့ပြီး တင်​​ပေးထားလိုက်​ရသည်​...။

Family doctor ရဲ့ ​ပြောကြားချက်​အရ စိတ်​ဖိစီးမှုကို မခံနိုင်​​တော့လို့ ​ခေတ္တခဏ သတိ​မေ့ခြင်း ဆို​ပေမယ့်​ Hyoyeon စိတ်​ထဲမှာ​တော့ ချစ်​ရသူ တူမ​လေးအတွက်​ ​နေဆယ်​စင်း​မျှ ပူပန်​​နေရသည်​..။

သူ့အ​ဖေ Mr:Im က​တော့ ဘယ်​လိုမှပင်​ မ​နေ ...။

ခဏလာကြည့်​ပြီး ပြန်​ထွက်​သွားသည်​...။

Hyoyeon မှာသာ တစ်​ညလုံး မအိပ်​နိုင်​ဘဲ ​ချွေး​စေး​တွေထွက်​ပြီး ​ယောင်​​နေ​သော Fany ကို ​ရေဝတ်​တိုက်​​ပေးလိုက်​ အင်္ကျီလဲ​ပေးလိုက်​ဖြင့်​သာ ....

တစ်​ချက်​ တစ်​ချက်​ ထ ထ ​ယောင်​တတ်​သည့်

"Tae Tae " ဆိုသည့်​ နာမည်​​လေးကလည်း......

"အရင်​က ​ယောက်ျား​တွေရဲ့ အသည်းနှလုံးကို ကစားခဲ့ပြီး အခု မိန်းက​လေးတစ်​​ယောက်​နဲ့ကျမှ ခံစား​နေရရှာတဲ့ က​လေးရယ်​..... "

Hyoyeon ​တွေးမိ​နေတဲ့ တစ်ခွန်းတည်း​သော စကား​လေး.........

👉 The Way You Love Final 👭💓 👈

ညဆယ်​နာရီခန့်​...

Jessica ၏ ရင်​ခွင်​ထဲတွင်​ ဝင်​အိပ်​​နေ​သော Im Yoona....

ပြန်​​ရောက်​လာကတည်းက ဘာစကားမှ မ​ပြောဖြစ်​... နှစ်​​ယောက်​လုံး နားလည်​မှုရကာ ... တိတ်​ဆိတ်​စွာပင်​...

The Way You Love.... Onde histórias criam vida. Descubra agora