The Way You Love 10

1.9K 184 24
                                    

Taeyeon တစ်​​ယောက်​ အခုဆို Soony ဆိုင်​​လေးမှာ အလုပ်​ဝင်​​နေတာ တစ်​ပတ်​​ကျော်​လာပြီ......

Sooyoung ဆိုတာ သူငယ်​ချင်းအရင်းကြီးမို့ ​ပြောစရာမလို​ပေမယ့်​ Tiffany ဆိုသည့်​ ​ကောင်​မ​လေးကို​တော့ သူမ​တွေ့တိုင်း ရင်​ခုန်​​နေမိသည်​....

ကြိုက်​စရာရှားလို့ ... မိန်းက​လေးချင်းမှ ကြိုက်​ရသလားလို့​မေးလာကြရင်​လည်း... သူမအ​ဖြေက တစ်​ခုထဲ...

" သူကြိုက်​တာ Tiffany ဆိုတဲ့ မိန်းက​လေးကို မဟုတ်​ဘဲ Tiffany ဆိုတဲ့ လူသားကိုပါ.... " ဒါ Taeyeon စဉ်းစားထားတဲ့ ရင်​ခုန်​မှုရဲ့ အ​ဖြေ......

Fany လည်း သူမလို ရင်​ခုန်​​နေသလားဆိုတာ မ​သေချာ​ပေမယ့်​ ​သေချာတာ တစ်​ခုက​တော့ ... Tiffany ဆိုတဲ့ သူမ မျက်​လုံး​​လေး​တွေ လခြမ်း​လေးလို ​ကွေးသွား​အောင်​ ပြုံးလိုက်​တိုင်း... Taeyeon ရင်​​တွေခုန်​လာတာ ထိန်းမနိုင်​ သိမ်းမရ....

တစ်​​နေ့​နေ့​တော့ ​သေချာ​အောင်​လုပ်​ရမည်​....
Fany လည်း သူမလို ခံစားချက်​မျိုးရှိမရှိဆိုတာ...........





At Yoonsic's house.....

မနက်​ဆယ်​နာရီ​လောက်​ကြီး Sica ဆီ ...ဖုန်းတစ်​ခု ဝင်​လာပြီး... ကမန်းကတန်းဖြင့်​ ထသွားဖို့အလုပ်​....

မီးဖို​ချောင်​ထဲက Yoon ကို ​တွေ့လိုက်​သဖြင့်​ ...

Sica : Yoon... unnie အပြင်​ခဏ သွားလိုက်​ဦးမယ်​....

Yoon က ချက်​ချင်း​ပြေးထွက်​လာကာ...

Yoon : Yoon လည်းလိုက်​မယ်​​လေ ... unnie...

Sica : ဟာ..မရဘူး... အလုပ်​က ​တော်​​တော်​အ​ရေးကြီး​နေလို့... အချိန်​ကိုက်​သွားမှရမှာ......

Yoon : unnie ရယ်​...Yoon လိုက်​ပါရ​စေ...​နော်​... unnie အ​ရေးကြီးရင်​ ​ဒေါ်​လေးတို့ အိမ်​မှာဘဲ ချထား​ပေးခဲ့​လေ... ​ဒေါ်​လေးနဲ့ မ​တွေ့ရတာလဲ ကြာပြီ... ​နော်​လို့ unnie....

Yoon က ​ပြော​ပြောဆိုဆို ... Sica လက်​​မောင်းတစ်​ဖက်​ကို ချိတ်​လိုက်​ကာ... ဇွတ်​တွယ်​ကပ်​ထားလိုက်​သည်​.....

Sica : အို... အချိန်​မရဘူးလို့ ​ပြော​နေတာကိုဟာ... လွှတ်​....

Sica .. Yoon လက်​ကလေးကို ... လွှတ်​ချလိုက်​ပြီး... ခပ်​မြန်​မြန်​ဘဲ ထွက်​သွားလိုက်​သည်​....

The Way You Love.... Donde viven las historias. Descúbrelo ahora