The Way You Love 13

2K 178 32
                                    

ဘာလိုလိုနဲ့ Taeyeon , Fany တို့နဲ့​နေ​နေတာ တစ်​ပတ်​​ကျော်​လာပြီ။ Fany ​ရော Tae ပါ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်​စိတ်​ဝင်​စား​နေကြတဲ့အ​နေအထားတစ်​ခုကို​တော့ ​ရောက်​​နေကြပါပြီ။

အခုလည်း ဆိုင်​ပိတ်​ရက်​မို့ သုံး​ယောက်​စလုံးအိမ်​မှာ နားနား​နေ​နေ​ပေါ့ ။ Sooyoung က​တော့ ဗိုက်​ကြီးပြည့်​​နေလို့ဆိုပြီး အိပ်​​ပျော်​​နေတယ်​။ အဲ့​တော့ ည​နေစာချက်​ဖို့အတွက်​ ကျန်​တဲ့နှစ်​​ယောက်​ကဘဲ တာဝန်​ယူရ​တော့သည်​။ တကယ်​​တော့ နှစ်​​ယောက်​ဆိုတာ ဟန်​ပြပါ။ Fany က လုပ်​တတ်​တာ လာမှမရှိ ။ အရာအားလုံး Taeyeon ကသာ တာဝန်​ယူပြီး ချက်​ပြုတ်​​နေရသည်​ ။

အခုလည်း ဟင်း​လေးတစ်​ခွက်​ချက်​ဖို့ ကြက်​သွန်​နီ တစ်​လုံးလှီး​နေတာ နာရီဝက်​​လောက်​ရှိ​နေပြီ ။
Fany ကိုကြည့်​​ရတာ ကြက်​သွန်​နီလှီး​နေတာလား ကမ္ဘာစစ်​တိုက်​​နေရတာလား မသဲကွဲ ။ ​ချွေး​တွေလည်း ရွှဲ​နေကာ လှီးထားတဲ့ ကြက်​သွန်​နီ​တွေကလည်း အတုံးလိုက်​ အတစ်​လိုက်​ ။

နောက်​ဆုံး​တော့ ကြည့်​မ​နေနိုင်​တဲ့ Taeyeon ကဘဲ ​နောက်​က​နေ back hug လို လုပ်​ကာ ကြက်​သွန်​လှီး​နေတဲ့ Fany လက်​က​လေးကို ထပ်​ကိုင်​ကာ လှီး​ပေးလိုက်​ရသည်​ ။

Tae : ကြည့်​ရတာ Fany ဟင်း​တစ်​ခွက်​ချက်​ဖို့ အချိန်​ငါးနာရီ​လောက်​ ယူရမယ်​ထင်​တယ်​ ။

Tae ကသာ ​ပြော​နေ​ပေမယ့်​ Fany မှာ​တော့ Tae ရင်​ခွင်​ထဲမှာ ရင်​​တွေခုန်​ပြီး ဘာမှမကြား...

ကြက်​သွန်​က လှီးပြီး​နေ​သော်​လည်း Fany နားက မခွာ​သေးတဲ့ Taeyeon ကို Fany ပြန်​လှည့်​ကြည့်​လိုက်​​မိသည်​ ။  သူတို့နှစ်​​ယောက်​အရပ်​က အတူတူနီးပါးဖြစ်​တာ​ကြောင့်
Fany ရဲ့ ရုတ်​တရက်​ အလှည့်​မှာ နှာ​ခေါင်းထိပ်​ချင်း ထိမိသွားခဲ့ပြီး ရင်​ခုန်​သံ​တွေကလည်း ကုလားဘုရားပွဲလှည့်​​နေသလို...

Fany : Tae... Tae Tae ... ဖယ်​​ပေး... ​တော့​လေ

Tae : မဖယ်​ချင်​သေးဘူး Fany ... Tae အမြဲတမ်း Fany နဲ့ ဒီလို​လေး ​နေချင်​တယ်​ Fany ကိုချစ်​တယ်​ ...

The Way You Love.... Where stories live. Discover now