The Way You Love 16

1.9K 176 54
                                    


" Yoon... "

ဆိုင်​ကယ်​သမားကို ​ကြောက်​လန့်​ပြီး ​မြေပြင်​​ပေါ်ထိုင်​ချကာ လက်​နှစ်​ဖက်​နဲ့ မျက်​နှာကို အုပ်​ထားရင်း ​နေ​နေတာ ဘယ်​​လောက်​ကြာသွားပြီမသိ....

ရင်းနှီ​နေတဲ့ အသံတစ်​ခုနဲ့အတူ ကိုယ့်​နာမည်​ ​ခေါ်သံကြား​တော့မှ ​မော့ကြည့်​လိုက်​မိသည်​...။

Yoon : unnie....

အားကိုးရာ... မှီတွယ်​ရာ... ဆို​သော အသိနဲ့အတူ ချက်​ချင်းထပြီး ​ပြေးဖက်​ကာ Sica ရင်​ခွင်​ကျယ်​ကြီးထဲမှာ ​ခေါင်း​လေးတိုးဝင်​ကာ ဖက်​ထားလိုက်​မိသည်​...။

Sica ကလည်း ပြန်​ဖက်​ထားလိုက်​ရင်း ​ကြောက်​​နေပုံ​ပေါ်​သော သူ့က​လေး၏ ​ခေါင်း​လေးအား ဖွဖွ​လေး ပွတ်​​ပေး​နေမိရင်း.... .... ....

တစ်​​ယောက်​နဲ့တစ်​​ယောက်​ ဘာဖြစ်​​နေသလဲ ဆိုတာလည်း မ​မေးမိ....

" အဟမ်း အဟမ်း... "

အချိန်​​တွေ ဘယ်​​လောက်​ကြာသွားသလဲမသိ...

ဘေးနားက ​ချောင်းဆိုးသံကြားမှ သတိပြန်​ဝင်​လာကာ နှစ်​​ယောက်​သား ခွာလိုက်​မိသည်​...

Yoon ရှက်​ရှက်​နှင့်​ လှည့်​ကြည့်​လိုက်​​တော့ ခုနက ဆိုင်​ကယ်​နှင့်​လူ....

ရုတ်​တရက်​မို့ ​ယောက်ျားတစ်​​ယောက်​လို့ ထင်​မိသွားကာ အခု ဆိုင်​ကယ်​ဦးထုပ်​ ချွတ်​လိုက်​​တော့မှ ... အပြုံးချိုချိုနှင့်​ မိန်းက​လေးတစ်​​ယောက်​....

Yoon's mind : ဒါဆို ဒီလူက ခုနကတည်းက ရှိ​နေတာ​ပေါ့... အာ... ရှက်​လိုက်​တာ...

Sica : Yoon... ဒါ ကိုယ့်​သူငယ်​ချင်း Eunjung ​လေ... ကိုယ်​တို့ မင်္ဂလာ​ဆောင်​တုန်းက လာတယ်​​လေ... မမှတ်​မိဘူးလား...

Eunjung က ပြုံး​နေတဲ့ မျက်​နှာကို သွား​တွေ​ပေါ်​အောင်​ ရယ်​လိုက်​ပြီး

Eun : ကဲပါ... ​Jess ရယ်​... မိတ်​ဆက်​​နေလည်း နင့်​မိန်းမက အ​ကြောက်​လွန်​​နေတာ... မှတ်​မိမှာ မဟုတ်​ဘူး... အိမ်​သာပြန်​​ခေါ်သွား​တော့... ငါလည်း ​အားတဲ့တစ်​​နေ့ကျမှ Ji Ji နဲ့အတူတူ နင်​တို့အိမ်​လာလည်​မယ်​... အဲ့ကျမှ ထပ်​မိတ်​ဆက်​​တော့....

The Way You Love.... Where stories live. Discover now