Beauty and the Beast-0

12.3K 476 10
                                    

<zawgyi>

Beauty and the beast...(ch-0)

အချစ်!!!!!!????

အဲ့ဒီစကားလုံးက ဘာလဲ???

ဘာ...အဓိပ္ပာယ်လဲ...
ဘာကိုဆိုလိုတာလဲ...

လူတွေက ပြောကြတယ်...

အချစ်ဆိုတာ...
နှလုံးသားရဲ့ လင်္ကာတပုဒ်တဲ့...

အချို့ကတော့...
ပေးဆပ်ခြင်းရဲ့ သက်သေပါတဲ့...

အခြားလူတွေကတော့...
မြတ်နိုးတန်ဖိုးထားမှုကကြိုးတွေကြောင့် အသက်ဝင်လာတဲ့ယမင်းရုပ်တရုပ်တဲ့......

ဟား...ကဗျာတွေ ဆန်လိုက်ကြတာဗျာ
သူတို့မို့လို့တွေးတတ်ကြတာ...

ဟင်...
ကျွန်တော်လား...!!??
ကျွန်တော့်အတွက်...အချစ်ဆိုတဲ့ အဓိပ္ပာယ်...??!!

ဟင့်အင်း...
ကျွန်တော်မသိဘူး...

ဘာလို့လဲ...!!???ဟုတ်လား...

အဟင်း...ရှင်းပါတယ်...
ကျွန်တော် မချစ်ခဲ့ဖူးလို့ပါ...

ဟုတ်တယ်လေ...ကျွန်တော့်စကားကြားရလို့ ထူးဆန်းသွားလို့လား!????
ဒါပေမယ့် ကျွန်တော် ပြောနေတာတွေက...အမှန်တွေပါ...

ကျွန်တော် အချစ်ကို မသိခဲ့ဘူး...
တန်ဖိုးမထားခဲ့မိဘူး...
အမှန်အတိုင်းဝန်ခံရင်...ကျွန်တော်...အချစ်ကို...ဆော့ကစားခဲ့တာပါ...

အဲ့ဒါကြောင့်လည်း...ကျွန်တော်...
ဒီကျိန်စာမိခဲ့တာပါ...

ဒါပေမယ့်...ဘာလို့လဲ...
ဘာလို့ကျွန်တော်မှဖြစ်ရတာလဲ...
လူတွေအများကြီးထဲမှာမှ...ဘာလို့ကျွန်တော်မှလဲ...

ကျွန်တော်...မုန်းတယ်...
ကျွန်တော့်ကိုမှရွေးရတဲ့ ဒီကျိန်စာကိုမုန်းတယ်...
ကျွန်တော့်ရဲ့...အချစ်ကိုတောင် ဆော့ကစားနိုင်ခဲ့တဲ့
မျက်နှာကို...ဖျက်စီးတဲ့ ဒီကျိန်စာကိုမုန်းတယ်...

ဟင်...ကျိန်စာဖြေနည်း...ဟုတ်လား...
အဟား...လွယ်ပါတယ်...
အချစ်ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို...အမှန်အတိုင်းပြောနိုင်တဲ့လူက...
ဒီကျိန်စာကို ဖြေနိုင်မယ်တဲ့...

အဲ့တာကြောင့်...
ကျွန်တော်...အဖြေကို အမောတကောလိုက်ရှာခဲ့တာပါ...

Beauty and the BeastWhere stories live. Discover now