<zawgyi>
Hi Hi!!!!!!!!!
ဘားမှမဟုတ်ဘူး…
တရဲခြောက်တာ😝😝😝Beauty and the Beast
ch-16 (yaoi fiction)'Shit!'
လှေကားပေါ်လှမ်းနေတဲ့ခြေထောက်တွေ ယိုင်ကျချင်သလိုဖြစ်လာတာမို့ Nickyခပ်တိုးတိုး ကျိန်ဆဲလိုက်မိတယ်။Allergicကြောင့် အသက်ရှူကြပ်နေတဲ့အချိန်မှာ ဘာလို့များသုံးထပ်မြှောက်က ဆေးခန်းဆီသွားဖို့ရွေးလိုက်မိပါလိမ့်?
Taxiဌားပြီးပဲ ဆေးရုံဖြစ်ဖြစ်သွားလိုက်သင့်တာ
အခုတော့ နှစ်ထပ်မှာတင် မျက်လုံးတွေဝါးလာနေပြီ။''Shit!!''
လှေကားမှာလည်း အကူအညီတောင်းစရာ လူမရှိဘူး!ရပ်နေရင်လည်း ဘာမှထူးလာမှာမဟုတ်တာမို့ အပေါ်ဆက်တက်ဖို့ အားယူလိုက်တော့…
''Nicky…''သူ လှည့်ကြည့်မိတော့ မျက်နှာမှာ maskတပ်ထားတဲ့လူရဲ့ပုံရိပ်က ခပ်ဝါးဝါး။
အမြင်အာရုံ မကြည်လင်ပေမယ့် Nickyသိပါတယ်။
ဒီအသံနဲ့ အရပ်အမောင်းက maskတပ်ထားရုံနဲ့ ဖုံးကွယ်လို့ရတဲ့အရာမျိုးမှ မဟုတ်တာပဲလေ'Thormas!…
သူက ဘာလို့ မျက်စိရှေ့ထပ်ပေါ်လာရတာလဲ?'စိတ်ထဲမှာ ဒေါသသိသိသာသာဖြစ်လာပေမယ့် ဒီအချိန်မှာ ကိုယ့်အသက်ကိုယ်တောင် မနည်းရှူနေရတာ။
လှေကားဆက်တက်ဖို့တောင် အားမရှိသလိုဖြစ်နေပြီ။ဒီနေရာမှာတင် လှဲအိပ်ခါနီးအထိ မောနေတာမို့
Nicky ဘာမှပြန်မပြောဘဲ ယိုင်တိုင်တိုင်နဲ့ပဲ ခြေဆက်လှမ်းမိတယ်…တစ်လှမ်း…
နှစ်လှမ်း…''မင်း အဆင်ပြေရဲ့လား?''
အနောက်လန်ကျမလိုဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ကို ပခုံးကနေ လှမ်းထိန်းလိုက်တဲ့ လက်တစ်ဖက်။
''Allergicလား?!!
မင်း မြေပဲစားမိ…''''ငါ့ကို မထိနဲ့''
Nicky သူ့ပခုံးပေါ်ကလက်ကို ပုတ်ချရင်းပြောလိုက်မိတယ်။
အော်ပြောပေမယ့် အသံက ထင်သလောက်မကျယ်…အသံတောင် ကျယ်ကျယ်မပြောနိုင်တော့တဲ့ အချိန်မှာ စကားအပိုတွေပြောရဦးမယ့်ပုံပဲ။
အသက်ကိုခပ်ပြင်းပြင်းရှူရင်း အခုထိ ထွက်မသွားနိုင်သေးတဲ့ Thormasကို Nickyလှည့်ကြည့်လိုက်မိတယ်။
အတော် အနှောက်အယှက်ပေးတဲ့ကောင်!
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...