<zawgyi>
Beauty and the Beast
ch-20 (yaoi fiction)8:39p.m
Nicky အဖွားဘေးက ကန်ဘောင်ပေါ်ကို ဝင်ထိုင်လိုက်တယ်။
ပြီးတော့ အဖွားဘာဆက်ပြောမလဲဆိုတာကို ငြိမ်ပြီးစောင့်နေလိုက်တယ်။ပုံမှန်အချိန်မျိုးဆိုရင်တော့ Nicky လူကြီးတစ်ယောက်နဲ့စကားပြောရတာမျိုးမကြိုက်ဘူး။
အင်း...ပုံမှန်သာဖြစ်နိုင်ရင်ပေါ့။အခုတော့ နတ်သမီးရေကန်ဘေးမှာ အကုန်သိနေတဲ့အဖွားနဲ့ ကျိန်စာပျောက်ဖို့အကြောင်းကို ဆွေးနွေးဖို့ပြင်နေရတယ်!!
ဒီလိုကြောင်တောင်တောင်အချိန်မျိုးမှာ Nickyစကားပြောနိုင်မယ့်လူက ဒီအဖွားပဲရှိတယ်။ကျစ်...တွေးရင်း Venusကို ထပ်ဆဲချင်လာတယ်!
တကယ်တော့လည်း...
သူသိချင်တာတွေက အများကြီးပဲ...
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူမသိချင်ဘူး။
ဘယ်ကနေဘယ်လို စမေးရမှန်းလဲမသိဘူး။
သူ့ကိုယ်သူ ဘာတွေသိချင်နေပြီး ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး။သူတို့နှစ်ယောက် ဒီအတိုင်းဆက်ထိုင်နေကြတယ်။
အဖွားကတော့ သူ့ရဲ့ပြောစရာတွေကိုစောင့်နားထောင်နေသလိုပဲ။
Nickyကတော့ ခေါင်းမာတတ်တဲ့သူ့အကျင့်အတိုင်း ဘာဆိုဘာမှစ,မပြောဘူး။နောက်ဆုံး သည်းမခံနိုင်တော့တဲ့အဖွားက သူ့ကို စ,မေးရတော့တယ်။
အချိန်ကတော့ 9;07p.m"အဲ့တော့...ဘယ်လိုဖြစ်သွားတာလဲ?
ဒီနားက..."
အဖွားက သူ့လည်ပင်းသူညွှန်ပြလိုက်ရင်း Nickyကို လှမ်းမေးလိုက်တယ်။"သူ့အလိုလိုပျောက်သွားတာ"
စိတ်မပါသလိုပြန်ဖြေလိုက်တော့..."ဟုတ်လား?
အရင်တုန်းကမပျောက်ပဲ အခုမှပဲ သူ့အလိုလိုပျောက်တယ်တဲ့လား?
ပျောက်သွားတာတောင် မင်းက ဘာလို့စိတ်ညစ်နေပုံပေါ်ရတာလဲ?""ကျစ်!...ခင်ဗျားပြောစရာစကားရှိရင် တည့်ပြောပါလား?
ဘာလို့ လူကိုလာရွဲ့နေတာလဲ?""ဩ...မင်းအရင်စတာမဟုတ်ဘူးလား?
ဒါတွေက သူ့အလိုလိုမပျောက်တတ်မှန်း မင်းကောငါကောသိနေတာပဲဟာ"
အဖွားက ပခုံးတစ်ချက်တွန့်ပြရင်း သူ့ကိုပြန်ဖြေတယ်။
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...