<zawgyi>
Beauty and the Beast
ch-3 (yaoi fiction)ကျောင်းပိတ်ရက်ရဲ့ ပထမဆုံးနေ့တဲ့...
Thormasပြတင်းပေါက် အပြင်ကိုသာ ငေးကြည့်နေမိဆဲဘယ်ကိုသွားရမှာလဲ...
ကစားကွင်းလား...ရုပ်ရှင်ရုံလား...ပန်းခြံလား
တယောက်တည်း သွားရရင်တော့ ပျင်းစရာကောင်းလွန်းနေမှာပေါ့...အဲ့တာဆိုရင် ဘယ်သူနဲ့သွားရမှာလဲ
သူငယ်ချင်းလား...
သူငယ်ချင်းရယ်လို့လည်း ထွေထွေထူးထူးမရှိပါဘူး
လေ...
ရှိခဲ့ရင်လည်း အားလုံးက သူ့အတွဲနဲ့သူပေါ့...ကိုယ်လည်းတစ်ခါလောက် အတွဲထားရင် ကောင်းမလား...
ကိုယ့်ကိုကြွေနေတဲ့မိန်းကလေးတွေထဲက တယောက်လောက်နဲ့ပေါ့
အဟား...ထားပါလေဘယ်မိန်းကလေးကမှ Thormasကို Nickyရဲ့ အနားမှာရှိနေလို့ ပျော်ရတဲ့အပျော်လောက်တောင် မဆွဲဆောင်နိုင်ဘူး...
အဲ့တာကြောင့်လည်း Thormas Nickyကို ကြိုက်တာကို သိခဲ့တာပေါ့ပြီးတော့ အဲ့လိုနေရာတွေကိုသွားရင် Nickyကို ကောင်မလေးတွေနဲ့ တွဲတွေ့ရတတ်လို့ပါ...
Thormas...မင်းဘယ်အချိန်အထိ ရူးနေဦးမှာလဲ...
'သူ့ကိုချစ်နေသေးသ၍...'
တယောက်ယောက်ကများလာမေးရင်တော့ ဒီလို ပြန်ဖြေမိမှာပဲသူ့ကိုကော...ဘယ်အချိန်အထိ ချစ်နေမှာလဲ...
ထာဝရ...??
အသက်ရှင်နေသ၍???မသိဘူးလေ...
ဒါက ကိုယ်ဆုံးဖြတ်လို့မှမရတာ...ပြန်တွေးတိုင်း ရင်ဘက်ထဲက မောဟိုက်မှုကိုသာ အဖြေရှာတွေ့တယ်ဆိုတော့ ရှာနေတဲ့အဖြေက ရင်ဘက်ထဲမှာများလား...
အတွေးစကိုဖြတ်ပြီး ကုတင်ခေါင်းရင်းက စာကြည့်စားပွဲမှာ ထိုင်လိုက်တယ်
အနည်းဆုံးတော့ အာရုံတစ်ခုခုကြောင့် သူ့ကိုမေ့ထားလို့ရမယ်ထင်တယ်''တင်...တောင်...ဒုန်း...ဒုန်း''
စာကြည့်စားပွဲမှာ ထိုင်ရုံရှိသေးတယ်
တံခါးဘဲလ်သံအပြင် တံခါးကိုပါ တဒုန်းဒုန်းထုတဲ့ အသံကြောင့် Thormasအိပ်ခန်းအပြင်ကို ထွက်ကြည့်မိတယ်ဘယ်သူပါလိမ့်...
''Thormas...ဟေး Thormas...ဒုန်း...''
တံခါးကို တဒုန်းဒုန်းထုရင်းအော်ခေါ်နေတဲ့ Nickyရဲ့အသံ...
Thormasရပ်နေရာကနေ တံခါးချက်ချင်းသွားဖွင့်ပေးလိုက်တော့ အရှိန်လွန် သွားတဲ့ Nickyရဲ့ခန္ဓာကိုယ်လေး Thomasရဲ့ ရင်ခွင်ထဲကို ယိုင်ကျလာတယ်
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...