<zawgyi>
Beauty and the Beast
ch-6 (yaoi fiction)မနက်စောစောမှာ ဘက်စ်ကားတစ်စီးကတော့ လှုပ်လီလှုပ်လဲနဲ့ အိပ်ရေးမဝသေးသလိုသွားလို့...
ကားရဲ့ခရီးစဉ်က နာမည်မကြီးသော မြို့လေးင်္ဆီကိုမို့ ကားပေါ်မှာက လူသိပ်မရှိပေနှစ်ယောက်တွဲထိုင်ခုံပေါ်မှာ ကွက်တိကွက်ကြား ထိုင်နေကြတဲ့ လူတွေကကိုယ်စီငိုက်မြည်းလျှက်...
နောက်ဆုံးခုံမှာထိုင်နေတဲ့ Thormasကတော့ သူ့ဘေးမှာ ငိုက်နေတဲ့ Nickyကိုသာ ငေးကြည့်နေမိ
တယ်...
အတော် အိပ်နိုင်တာပဲ
တွေ့ရသမျှတော့ တစ်ချိန်လုံးနီးပါးကို အိပ်နေတာဒါတောင်မှ မနက်စောစောမို့ မနည်းနိုးရတယ်
ညကလည်း Thormasထက် စောအိပ်လို့ပဲ
အခုလည်း ကမန်းကတမ်းနဲ့ ထလာတာ...
မျက်ကပ်မှန်ရှာမတွေ့လို့ဆိုပြီး တွေ့တဲ့မျက်မှန်တစ်လက် ကောက်တပ်လာသေးတယ်။ကောင်မလေးနဲ့တွေ့ရင် ရှိုးပဲ့လို့ဆိုပြီး အဲ့ဒီမျက်မှန်က မချွတ်မှာကြနေတာပဲ။
လမ်းကတွေ့တဲ့ဆိုင်မှာ သူမျက်ကပ်မှန် ဝင်ဝယ်တာ
ကို စောင့်ရဦးမယ်Thormasကပဲ သူနဲ့ဆိုရင် စိတ်ရှည်ပေးနေမိတာလား...
ဒါပေမယ့်လည်း ရှေ့ကိုတစ်ဆင့်တက်ဖို့ မကြိုးစားချင်ဘူး
ဘာလို့လဲ...သေသေချာချာမသိ
သူ ငြင်းမှာကြောက်မိလို့များလား...
အခုလည်း လက်ခံမှာ မဟုတ်တာကို ကြိုသိနေပြီပဲဖွင့်ပြောလိုက်ရင် သူလည်း စိတ်ညစ်ရမှာ...
ပြီးတော့...
ကိုယ်လည်း သူ့အနားမှာ ဆက်ရှိမနေနိုင်မှာစိုးလို့...ငိုက်နေရာကနေ မှန်ဘက်ကို ယိုင်သွားတဲ့ ခေါင်းလေးကိုမြင်တော့ မှန်ပေါ်ကိုမရိုက်မိခင်မှာ
လက်ခံပေးလိုက်တယ်တစ်ခုခုဆိုရင်'ကလေးကလားနဲ့'လို့ အမြဲပြောနေပြီး
လူကြီးဆန်ချင်နေတဲ့ မင်းကို ငါကကလေးတစ်ယောက်လိုပဲ မြင်တယ်လို့
ပြောရင် မင်းဘာပြန်ပြောမလဲ သိချင်လိုက်တာ...ရန်ဖြစ်ရမှာတော့ အသေအချာပဲ
တစ်ခါတစ်လေဆိုရင် Nickyဆိုတဲ့ဟာလေးက
စကားမပြောပဲ စိတ်ကောက်နေတာရှိသေး...
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...