<zawgyi>
Beauty and the Beast
ch-10 (yaoi fiction)မနက်ခင်းရဲ့ နေရောင်ခြည်က သစ်ရွက်တွေကို ဖြတ်လာခဲ့ရင်း မျက်နှာပေါ် ကြွေကျလာခဲ့တယ်
လေးနေတဲ့မျက်ခွံတွေကို ဖွင့်လိုက်တော့ သစ်ရွက်တွေက တလှုပ်လှုပ်...
ခေါင်းကလည်း သေလောက်အောင် ကိုက်နေ...နေပါဦး...သစ်ရွက်...???
အိပ်နေမိတဲ့အခင်းကို ကြည့်လိုက်တော့ အစိမ်းရောင်မြက်ခင်းပြင်...''ဟာ...''
Thormasထထိုင်လိုက်မိရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့...
ညကပန်းခြံ...!!!
တစ်ညလုံး ဒီမှာ အိပ်ခဲ့တာလား??
ဘယ်လိုဖြစ်လို့လဲ...ညက ဘယ်လောက်တောင် သောက်ခဲ့လို့ ဒီမှာတောင်အိပ်မိသွားရတာလဲ
ညက...
Nickyခေါ်သွားလို့ သောက်ရ...ဟင်...Nicky...!!!ခုမှသတိရလို့ ဘေးနားကိုရှာကြည့်တော့ ခပ်လှမ်းလှမ်းမှာ ကွေးကွေးလေးအိပ်နေတဲ့ Nicky...
ညက မွှေသွားပြီးခုထိထသေးတာ မဟုတ်ဘူး
အတင်းသောက်ခိုင်းပြီးတော့ အိမ်မပြန်ဘူးဆိုပြီး
ဒီလာအိပ်တာ...
တားလို့လည်းမရကော Thormas ဘေးနားမှာ အိပ်ပျော်သွားတာတော့ မှတ်မိသလိုလို...နာရီကိုကြည့်တော့ 6:20a.mတဲ့...
ပန်းခြံက 6:30a.mဖွင့်မှာ မဟုတ်လား
Nickyကို နိုးရတော့မယ်Thormas Nickyဆီကို ယိုင်တိုင်တိုင်လျှောက်လာ ခဲ့ရာက အနားရောက်လို့ သေချာကြည့်မိတော့
ကွေးကွေးလေးအိပ်နေတဲ့Nickyမှာ ကုတ်အကျီင်္တောင်မတွေ့တော့...ဘယ်နားမှာ
ပြုတ်ကျကျန်ခဲ့လဲ မသိဘူး
အကျီင်္လက်တိုလေးအောက်မှာ တက်တူးတွေက လက်နှစ်ဖက်အပြည့်...
ပြီးတော့ လည်ပင်းသားမှာ တစ်စွန်းတစ်စ ပေါ်လို့ဒီကိစ္စကို ဘယ်လိုများ ပေါ့ပေါ့တန်တန် သဘောထားနိုင်ရတာလဲ...
တစ်ခုခုကိုတော့ လေးနက်စမ်းပါကွာအိပ်နေတဲ့ Nickyကို စိတ်ထဲကသာ ပြောမိရင်း
Thormasကုတ်အကျီင်္ကို ချွတ်ပြီးခြုံပေးလိုက် မိတယ်Nicky...ဒီလို လွတ်လွတ်လပ်လပ်နေတာက ကောင်းတယ်ဆိုပေမယ့်...
မင်းရဲ့ဘဝကိုတော့ လေးနက်စမ်းပါကွာ
မိန်းကလေးတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပြီး
မိသားစုတစ်ခုကို ထူထောင်စမ်းပါ...
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...