<zawgyi>
Beauty and the Beast
ch-11 (yaoi fiction)Nicky Klorieနဲ့စကားပြောပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်...
ဘာလို့လဲဆိုတော့ Thormasကို ကော်ဖီဆိုင်မှာ မတွေ့တော့လို့ပါ။
သူ Klorieနဲ့စကားပြောနေတာကြာလို့ မစောင့်နိုင်ပဲ အရင်ပြန်သွားပြီထင်တယ်Klorieနဲ့စကားပြောနေတာ သူလည်းသိမှာပါ...
ဘာလို့လဲဆိုတော့ Klorieကို သူ့ဆီလွှတ်လိုက်တာ Thormasမို့လို့လေKlorieက ငယ်ငယ်တုန်းက သူတို့နဲ့တခန်းတည်းပါ
အခုလည်း တက္ကသိုလ်တခုတည်းပေါ့။
သူတို့မြို့ကို ပြန်လာတဲ့အချိန်ကြမှ လာလည်တယ်ဆိုတာတော့ တိုက်ဆိုင်တာထပ် ပိုလိမ့်မယ်လို့ Nickyထင်မိတယ်အချစ်...
အချစ်က တခါတလေ တိုက်ဆိုက်မှုကနေ ပေါက်ဖွားလာတတ်တယ်မဟုတ်လား...
အဲ့တာဆိုရင် Klorieက သူ့အချစ်စစ်များလား?Klorieက Nickyကြိုက်တတ်တဲ့ ကောင်မလေးတွေလို အတိုအပြတ်ဝတ်ပြီး အချိန်ရှိသရွေ့အလှပြင်နေတတ်တဲ့ပုံတော့မပေါ်ပေ
ခေတ်မှီသတ်ရပ်တဲ့ဝတ်စားပုံနဲ့ အဆင့်အတန်းရှိရှိ မိန်းကလေးတယောက်ပါ...ခါတိုင်းလိုဆိုရင်တော့ Nickyစိတ်ဝင်စားမှာ မဟုတ်ပေမယ့် အခုလိုအချိန်ဆိုတော့...
Nickyတွေးရင်းနဲ့ လက်ဖမိုးပေါ်က နှင်းဆီအဖြူရောင်တက်တူးတွေကို ကြည့်လိုက်မိတယ်...အင်းလေ...
ဘယ်လိုပဲဖြစ်ဖြစ်ကြိုးစားကြည့်သင့်တယ် မဟုတ်လား...
Klorieရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်လည်း ရခဲ့တာပဲလေKlorieက ဒီညရထားနဲ့ မြို့ကနေပြန်တော့မယ်ဆိုတော့ သူလည်း မြို့ပြန်ပြီး Klorieက သူ့အချစ်စစ်ဖြစ်နိုင်မလားဆိုတာ ကြိုးစားကြည့်ရတာပေါ့
မသေချာ၊မရေရာပဲ တမြို့ကနေတမြို့သွားပြီး ကိုယ့်အရင်ရည်းစားတွေကို လိုက်ရှာတာထပ်တော့ ပိုကောင်းမယ်ထင်တာပါပဲ...
ပြီးတော့ Thormasကိုလည်း ဒီထပ်ပိုပြီး အနှောက်အယှက်မပေးချင်တော့တာ ပါတာပေါ့လေ
ဟုတ်သားပဲ...
Thormasဆိုမှ...အဲ့ကောင်က ခဏလေးတောင် မစောင့်ပဲ အရင်ပြန်သွားရတယ်လို့...
ဘာတွေအရေးကြီးနေမှန်းမသိဘူး။
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...