Beauty and the Beast-12

2.6K 333 41
                                    

<zawgyi>

Beauty and the Beast
ch-12 (yaoi fiction)

တညိမ့်ညိမ့်ခုတ်မောင်းလာတဲ့ ရထားလေးရပ်သွားတော့ Thormas ထိုဘူတာလေးမှာ
ခြေစုံရပ်မိလျက်သား...

ဒီဘူတာဆီကထွက်သွားခဲ့တာ ကောင်လေးနှစ်ယောက်ပါ...
အခုပြန်ရောက်လာတော့ သူတစ်ယောက်တည်း...

ဘေးနားမှာ သူ့ကို ကော်ဖီဝယ်ခိုင်းနေကြကောင်လေး မရှိ...
အိပ်ငိုက်ရင် ဒါမှမဟုတ် အရက်မူးရင် ပခုံးပေါ် မှီအိပ်နေကြ သူမရှိ...
Nickyရှိမနေပါ

တကယ်တော့ သူ မစောင့်ခဲ့တာပါ
Nickyကို စောင့်မနေပဲ Thormasထွက်လာခဲ့တာပါ...

စောင့်နေဖို့ ဘာအကြောင်းမှမရှိတော့တာလေ...
အဲ့တာကြောင့် တယောက်တည်းကြိုထွက်လာခဲ့တာပါ

ဟူး...
တနေ့ကြရင် သူ့အနားက ထွက်သွားရမယ်ဆိုတာ သိလျှက်နဲ့ ဘာလို့များ စိတ်မကောင်းဖြစ်နေရသေးတာပါလိမ့်...

ဘူတာကနေ လမ်းလျှောက်လာခဲ့တာ ဘက်စ်ကားမှတ်တိုင်ဆီကိုပါ။

ဒီဘက်စ်ကားမှတ်တိုင်က...
မြို့ရဲ့ဆုတောင်းပြည့်ရေကန်လေးရှိတဲ့ ပန်းခြံဘေးမှာပါ
venusနတ်သမီးရဲ့ ရေကန်ဆိုတာ အမှန်လား...
အကြွေစေ့ပစ်ထည့်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်လာမယ်ဆိုတာ တကယ်ပဲလား...

Thormasမသိပါ...
သူ သတိဝင်တဲ့အခါမှာတော့ ထိုရေကန်ဆီသို့ ခြေထောက်တွေက အလိုလိုခေါ်ဆောင်လာခဲ့ပြီလေ

သူသိတာက ဒီရေကန်လေးရဲ့ဘောင်ပေါ်မှာ အရက်မူးနေတဲ့ကောင်လေးတယောက် သူ့ပခုံးပေါ်မှီအိပ်ခဲ့ဖူးတယ်ဆိုတာ...

အချိန်က ညသန်းခေါင်ကျော်နေပေမယ့် ဘက်စ်ကားရဖို့ကို စိတ်မပူမိ...
ရေကန်ဘောင်ပေါ်မှာ တယောက်တည်း ထိုင်နေမိတဲ့သူက အရူးများလားဟင်...

အခုဆိုရင် ၉ရက်ရှိပြီမဟုတ်လား...
Nickyရဲ့ကိုယ်ပေါ်မှာ နှင်းဆီတက်တူးတွေ ကိုးပွင့်တိတိရှိလာမှာပေါ့
သူ အဆင်မှပြေပါ့မလားပဲ...

အဲ့ဒီလိုတွေးလိုက်မိရင် အခုချက်ချင်း ပြန်သွားချင်စိတ်က ပေါ်လာမိတယ်

ဒါပေမယ့်...
ကိုယ်က ဘာများလုပ်ပေးနိုင်မှာမို့လို့လဲ

အတွေးမျိုးစုံနဲ့ cupidရုပ်ထုလေးရဲ့ ပါးစပ်ကနေ ရေပန်းထုတ်နေလို့ လှိုင်းထနေတဲ့ ကန်ရေပြင်ကိုကြည့်မိတော့ ကြမ်းပြင်က အကြွေစေ့အချို့ကိုပါ ဖောက်ထွင်းမြင်နေရလေရဲ့...

Beauty and the BeastWhere stories live. Discover now