<zawgyi>
Beauty and the Beast
ch-18 (yaoi fiction)ဘာမှတော့ ထူးခြားသွားတယ်လို့ မရှိပါဘူး။
Clubသွားတယ်...
အရက်သောက်တယ်...
တခါတလေ တစ်နေ့လုံးအိပ်နေတယ်...
ညရောက်ရင်တော့ စော်အလန်းလေးတွေနဲ့ အိပ်တယ်...
ပျင်းပျင်းနဲ့ စိတ်ကူးတည့်ရာကို လျှောက်သွားနေမိတာမျိုးလည်းရှိတယ်။တနေ့တခြားပိုများလာတဲ့ tatooတွေက ပထမတော့ကြည့်ရဆိုးပြီး တနေရာမှာမှသုံးစားမရဘူးလို့ထင်ပေမယ့် အလန်းလေးအချို့အတွက်တော့ ဆွဲဆောင်မှုတမျိုးဖြစ်နိုင်သေးသားပဲ...
ဒါကို အဆိုးထဲကအကောင်းလို့ မှတ်ရမှာပေါ့လေ။ပြီးတော့ အချစ်စစ်ဆိုတာ...
ဘယ်ကောင်မလေးနဲ့မှ ရှာလို့မတွေ့ဘူး။အရင် Nickyရုပ်နဲ့တောင် ရှာမတွေ့ခဲ့သေးတာ...
အခု tatooအပြည့် လူမိုက်ရုပ်ပေါက်နေတော့ ပိုတောင်ဆိုးသွားသေးတယ်!
Clubမှာ ပေါ်ပင်လုပ်တတ်တဲ့ကောင်မလေးတွေကတောင် တစ်ညထပ်ပိုပြီး ဘယ်တွဲပါ့မလဲ!အဲ့တာကြောင့်ပြောတာ...
ဘာမှ မထူးပါဘူးဆို!
ကျိန်စာဖြေဖို့ နည်းလမ်းဆိုတာမျိုးကိုမရှိတော့တာကျွတ်!
ကိုယ့်ဖာသာ သာယာနေတာကို မနာလိုတဲ့venus!!
ကောင်းကျိုးမပေးတဲ့venus!!
အားယားနေတဲ့ venus!!
သောက်လုပ်မရှိတဲ့ venus!!Nickyလှေကားတက်လာရင်း စိတ်ပေါက်ပေါက်နဲ့ လက်ရန်းကိုတစ်ချက်ကန်လိုက်ပြီး venusကို လှမ်းကျိန်ဆဲလိုက်မိသေးတယ်။
ကျိန်ဆဲရင်း ဆက်တက်လာခဲ့တော့ သူ့ဘေးအခန်းက တံခါးရှေ့မှာရပ်နေတဲ့ Thormas...
လက်တစ်ဖက်ကဖုန်းကိုကိုင်ထားပြီး နောက်လက်တစ်ဖက်က စက္ကူပုံးကိုပိုက်ထားတယ်။
တံခါးနားမှာက အသင့်ဖြစ်နေတဲ့ luggage...
အခန်းအပြင်ဘက်မှာတော့ စီထားတဲ့စက္ကူပုံးတွေ...
ပုံထားတဲ့ စာအုပ်အစည်းတွေ...သူ ... ရုတ်တရက် ဆက်သွားဖို့မေ့သွားသလို
ရပ်ကြည့်နေမိတယ်။
Thormasကတော့ သူ့ကိုမမြင်သေး...ပစ္စည်းအားလုံးနီးပါးမရှိတော့တဲ့အခန်းကို တံခါးပိတ်ရင်း ဒီဘက်ကိုလှည့်လာတော့မှ Nickyကိုမြင်သွားပုံပေါ်တယ်။
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...