<zawgyi>
Beauty and the Beast
ch-4 (yaoi fiction)Thormas ဘက်စ်ကားမှတ်တိုင်ဆီက ခုံပေါ်မှာ ခေါင်းငိုက်ကျပြီး ထိုင်နေတဲ့ Nickyရဲ့ ဘေးခုံမှာ ဝင်ထိုင်လိုက်တယ်
''နှစ်ဆယ့်ကိုး...''
Nickyရဲ့ ခပ်တိုးတိုးအသံ...''ဟင်...''
''အကြွေစေ့လေ...နှစ်ဆယ့်ကိုးစေ့''
''Nicky...မင်း သိလား...''
Thormas မနေ့ကကိစ္စကို ပြောပြချင်လာတယ်သူဆုတောင်းလိုက်မိတာကြောင့် Nicky ဒီလိုဖြစ်ရတာက မသက်ဆိုင်ဘူးလို့တောင် ပြောလို့ရပါ့မလား...
အနည်းဆုံးတော့ ဖွင့်ပြောထားသင့်တယ် မဟုတ်လားဒါပေမယ့် ဘာကိုဆုတောင်းတာလဲလို့မေးလာရင်
ဘယ်လိုပြန်ဖြေရမလဲ...
အမှန်အတိုင်းဖြေရမလား...
Nicky ဘယ်လို တုန့်ပြန်မလဲ...မသိတော့ဘူး...
ဘာပဲဖြစ်ဖြစ် ပြောပြသင့်တယ်လို့ ထင်မိလို့ပါ...
''Nicky...ငါ''''နှစ်ဆယ့်ကိုး...ဒါ ကျောင်းပြန်ဖွင့်မယ် ရက်စွဲ''
Nickyရဲ့ အသံက တိုးလွန်းလို့ မနည်းနားထောင်
ယူရတယ်
''ဘာလို့ ငါ့ကြမှ ဖြစ်ရတာလဲ''''Nicky...ငါပြောတာကို ခဏနားထောင်ဦး''
''ငါ့မျက်နှာက...''
Nicky ကိုယ့်မျက်နှာကိုယ်စမ်းလိုက်မိတယ်
''တက်တူးတွေနဲ့ ပြည့်သွားမှာလား''''အဲ့ဒီလို မဖြစ်ပါဘူး။နည်းလမ်းရှိ...''
''ဘာနည်းလမ်းလဲ...အချစ်ဆိုတာလား...
အဓိပ္ပာယ်မရှိလိုက်တာ။ငါ ဘယ်မိန်းကလေးကိုမှ တကယ်မချစ်ဖူးဘူးကွ''မိန်းကလေး...
မိန်းကလေးတဲ့...
သြ...ဟုတ်သားပဲ
Thormas...မင်းရူးမိပြန်ပြီ...
မင်းက သူ့အတွက်တော့ သူငယ်ချင်းပဲလေသူက မင်းကို သူငယ်ချင်းလို့ပဲမြင်မှာပေါ့
သူ့ချစ်သူဖြစ်ထိုက်တာက...
သူပြောတဲ့မိန်းကလေးတွေပဲလေ...သူ ဒီလိုဖြစ်တာတောင်မှ မင်းကြောင့်လို့ ထင်မိနေသေးတယ်
အတော်စိတ်ကူးယဉ်မိတာပဲ...
မင်းက သူ့အတွက် ဘာမို့လို့လဲ...''အဲ့တာဆိုရင် မင်းတွဲခဲ့တဲ့ ကောင်မလေးတွေထဲမှာ
မင်းကို တကယ်ချစ်တဲ့သူကော...''
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...