<zawgyi>
Beauty and the Beast
ch-13 (yaoi fiction)Before they met…
…………………………………………
ပြတင်းပေါက်ဘောင်ပေါ်ထောက်ထားတဲ့လက်… တချက်ချော်သွားတာနဲ့တပြိုင်နက် လက်ပေါ်တင်ထား မျက်နှာချော်ပြီး မှန်နဲ့ရိုက်မိသွားရတယ်
ကျွတ်…နာလိုက်တာ
Nickyသိပ်ကြာကြာနာမနေနိုင်ပဲ ပြန်စထွက်ခါစရထားရဲ့ ပြတင်းပေါက်အပြင်က ဘူတာဆိုင်းဘုတ်ကို ကြည့်လိုက်တော့ နောက်တမှတ်တိုင် ဆင်းရတော့မှာပဲ!
တော်သေးတာပေါ့…အိပ်ပျော်ပြီး မပါသွားတာ…အလာတုန်းကတော့ Thormasရှိလို့ စိတ်ပူစရာမလိုပေမယ့် အခုတော့ ပြန်မအိပ်မိအောင် သတိထားနေရတယ်
ခါတိုင်း Nicky ဒီလောက်ထိ သတိမမဲ့ဖူးပါဘူး
ဘယ်လိုဖြစ်လို့ ဒီတစ်ပါတ်လောက် အတောအတွင်းမှာ နမော်နမဲ့နိုင်နေရတာလဲ?ဘေးနားမှာ သတိပေးမယ့် Thormasရှိနေခဲ့လို့များလား?
လူတွေက ကိုယ့်ကိုဂရုစိုက်မယ့်လူရှိရင် နမော်နမဲ့နေတတ်ကြတာပဲမဟုတ်လား…တော်စမ်းပါ…
အဲ့ကောင်က ဘယ်လောက်ကြာအောင် အနားမှာရှိပေးနိုင်မှာမို့လို့လဲ?
အခုတောင် စာလုပ်စရာရှိသေးတယ်ဆိုပြီး မနေ့က ကတည်းက ပြန်သွားပြီးတော့များ…
အလကား စာကြမ်းပိုးကောင်!ဒါပေမယ့်လည်း…
အဲ့ဒီ Thormasဆိုတဲ့ လူထူးဆန်းအကြောင်းလည်း Nicky နားမလည်နိုင်သေး…ခပ်အေးအေးနဲ့ ဂရုစိုက်ပေးတတ်တဲ့ သူ့အကျင့်ကိုပေါ့
တကယ်ကတော့……
အရင်ကတည်းက…ဟုတ်တယ်
ဟိုးအရင်တုန်းကတည်းက…Thormasရဲ့ ဂရုစိုက်တတ်တာတွေကို Nickyရင်းနှီးနေခဲ့တာပါ
ဒီရက်ပိုင်းမှာ ပိုဂရုစိုက်လာတယ်လို့ ထင်မိပေမယ့် တကယ်တော့ မထူးဆန်းပါဘူးအဲ့တာဆိုရင် Nickyက ဒီရက်ပိုင်းမှ Thormasကို ပိုသတိထားခဲ့မိတာပေါ့လေ…
အရင်ကတော့ သူငယ်ချင်းအသစ်တွေနဲ့ ပိုအချိန်ကုန်ဖြစ်ခဲ့တာ။သူငယ်ချင်းအသစ်တွေနဲ့ ခင်ခဲ့ပေမယ့်…
Thormasနဲ့ကျတော့ ခံစားချက်ချင်းမတူပါ
ဘာမတူလည်းတော့ မသိ…
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...