<zawgyi>
Beauty and the Beast
ch-21 (yaoi fiction) _ {END}အရောင်တလက်လက်တောက်လာတဲ့ တက်တူးတွေကို Nickyကြည့်နေမိတယ်။
ဒါက...တကယ် ပြီးသွားပြီလား?
ဒီလောက်ပဲလား?သူ... နည်းနည်းလေး ဝန်ခံလိုက်ဖို့ပဲလိုခဲ့တာလား?
နှင်းဆီပန်းပွင့်ကတော့ သူ့လက်ပေါ်ကနေ တဖြည်းဖြည်းနဲ့အရွယ်အစားသေးလာတယ်။
အခက်အလယ်တွေ ကျုံ့သွားတယ်။
အဖူးကနေ ပိုသေးသွားတယ်။
နောက်ဆုံး...ပျောက်သွားတယ်။
ပြီးတော့ နောက်တစ်ပွင့်... နောက်ထပ် တစ်ပွင့်...တကယ်ပျောက်ကုန်တာပဲ!
သူ တက်တူးတွေနဲ့ နေစရာမလိုတော့ဘူး!!
ပုံမှန်မျက်နှာပြန်ရတော့မယ်...ဒါ ဘယ်လောက်ကောင်းလိုက်လဲ!!!
ပုံမှန်လူ...
ပုံမှန်ဘဝ...
ပုံမှန်တက္ကသိုလ်ကျောင်းသား...Nickyရုတ်တရက် မတ်တက်ထရပ်ရင်း အိတ်ထဲဖုန်းကိုထုတ်ယူလိုက်မိတော့...
သူ...အခု Thormasကိုဖုန်းဆက်ဖို့လုပ်နေတာလား?
ဘာလို့ပါလိမ့်?
ပြောချင်တာက...ဖုန်းဆက်ပြီး ဘာပြောရမှာလဲ?
'တက်တူးတွေ ပျောက်နေပြီ'...ပြီးတော့ကော??ပြီးတော့...
'မင်း မသွားနဲ့တော့'...အဲ့လိုလား?ဒါက...အဲ့လိုပြောရုံနဲ့ ရလား??
5:43 a.m... သူ့မျက်နှာပေါ်က တက်တူးတွေ တစ်ခုပြီးတစ်ခုပျောက်နေပြီ။
အဲ့လိုပြောဖို့က... သူ့ဖာသာသူ scholarနဲ့သွားတာဆိုရင်... Nickyနဲ့ ဘာဆိုင်လို့လဲ!
အဲ့လိုတားဖို့ဆိုတာက သူငယ်ချင်းလောက်နဲ့ရလို့လား??ကျစ်!... စိတ်တိုဖို့ကောင်းလိုက်တာ!!
သူ သွားခိုင်းတော့တောင် သွားသေးတာပဲ...
နေခိုင်းရင်လည်း နေရမှာမဟုတ်လား?ဒီအတိုင်း ပြောလိုက်ရုံပဲမဟုတ်လား...
သူ ထိုင်ခုံမှာထိုင်နေတဲ့အဖွားကို ငုံ့ကြည့်လိုက်မိတော့...
"ကိုယ့်ဖာသာပဲ ဆုံးဖြတ်တော့...မင်းမှာ အခွင့်အရေးရှိသေးတယ်မဟုတ်လား"
သူရီကို ငုံ့ကြည့်လိုက်မိတယ်။
5:47 a.m...ဘယ်ဘက်လက်ဖမိုးပေါ်ကတက်တူးတွေ မရှိတော့ဘူး...
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...