<zawgyi>
Beauty and the Beast
ch-15 (yaoi fiction)ရေဘုံဘိုင်ကိုဖွင့်လိုက်ရင်း ကျလာတဲ့ရေအောက်မှာ Nicky နှင်းဆီပွင့်တက်တူးတွေပြည့်နေတဲ့ လက်နှစ်ဖက်ခံလိုက်တယ်
လက်ဖမိုးရဲ့သွေးပေနေတဲ့နေရာအချို့က စပ်နေတုန်းပဲ
Thormasကိုထိုးရင်း သူ့လက်တွေပါ ပေါက်ပြဲခဲ့တာပဲသူ့လက်တောင် ဒီလောက်ထိဖြစ်တယ်ဆိုရင် Thormas?……။
တန်တယ်!
ဟုတ်တယ်…Thormasဆိုတဲ့ကောင် ဒီလောက်လေးအထိုးခံရဖို့တော့ တန်တယ်သွေးတွေကို အမြန်ဆေးချပြီး Nicky ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်မိတော့
လက်ချောင်းထိပ်တွေ အနည်းငယ်တုန်လို့…
ရန်မကြာခဏဖြစ်ဖူးသူမို့ ဒီဒဏ်ရာလေးကြောင့်တော့ မဟုတ်။ဒေါသ…!
Thormasဆိုတဲ့ နာမည်ကိုပြန်တွေးကြည့်ရင် Nickyစိတ်ထဲမှာ ဒေါသကလွဲပြီး လောလောဆယ် အခြားဘာမှမပေါ်သေး။ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်အနေနဲ့ သတ်မှတ်ထားတာမရှိပေမယ့်…ရွံလို့။
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ Thormas သူမသိအောင် ဘယ်လိုတွေများ အခွင့်ကောင်းယူခဲ့သေးလဲဆိုတာ Nicky စဉ်းစားမိတယ်။
ကားပေါ်မှာ လက်ပေါ်မှီအိပ်မိတာ…
basket-ballကစားတုန်းက သူ့အပေါ်ပြုတ်ကျတာ…
ပြီးတော့…အများကြီးဖြစ်နိုင်သေးတာပဲ။အဲ့ဒါကို အခုမှ…ဝန်ခံတယ်?
ဒီက်ျိန်စာကို ဖျက်နိုင်မယ်ထင်လို့?ဘာလဲဟ…?
အဲ့လိုဖွင့်ပြောလိုက်ရင် တကယ်ပဲ ကျိန်စာကိုဖျက်ပေးနိုင်မယ်ထင်လို့လား…
သူဆုတောင်းလိုက်လို့ ဒီက်ျိန်စာဖြစ်သွားတယ်လို့ ထင်နေတာလား…
အဲ့လိုထင်ရအောင် Thormasက ယောကျာ်းလေးတစ်ယောက်လေ။ယောကျာ်းလေးတစ်ယောက်က Nickyအတွက် အချစ်ဆိုတာနဲ့ပတ်သတ်ပြီး ဘာတွေများကူညီနိုင်မှာမို့လို့လဲ?
Klorieနဲ့ အဆင်မပြေဘူးပြောတော့မှ ဒါတွေဖွင့်ပြောပြီး Nickyအတွက် အရေးပါတဲ့လူလိုမျိုး လာလုပ်ပြနေတယ်။သူ့ကိုယ်သူ ဒီကျိန်စာကို ဖျက်ပေးနိုင်မယ်တောင် ထင်နေသေးတယ်!
မဖြစ်နိုင်တာမှန်း အသိအသာကြီးလေ…
အခုထက်ထိ လက်ပေါ်မှာကျန်နေသေးတဲ့ တက်တူးတွေက သက်သေအဖြစ် ထင်ထင်ရှားရှားရှိနေသေးတာပဲ။
ဒီလောက်သိသာနေတာတောင် ဘာလို့များ အရှက်မရှိ အဓိပ္ပာယ်မရှိတာတွေ လာပြောရတာပါလိမ့်…
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...