<zawgyi>
Beauty and the Beast
ch-19 (yaoi fiction)"ဒါ...ရယ်ရတယ်မဟုတ်လား?"
မော့ကြည့်လာတဲ့ Thormasရဲ့မျက်လုံးတွေက မျက်ရည်တွေ သိသိသာသာဝဲနေတယ်။
Nicky Thormasကို အချိန်အတော်ကြာအောင်သိခဲ့တယ်။
ဒါပေမယ့် Thormasရဲ့ဒီလိုပုံစံကို တစ်ခါမှမမြင်ဖူးခဲ့ဘူး။
သူသိခဲ့သမျှဆယ်စုနှစ်ကာလမှာ Thormasတစ်ခါမှ မငိုဖူးဘူး။အမြဲတမ်း မျက်နှာတည်လွန်းလို့ Thormasကို အချို့သူတွေဆို စကားတောင်မပြောရဲကြဘူး။
အခု...Thormasငိုနေတယ်...
ပြီးတော့ သူ့ကိုမေးတယ်။ရယ်ရလား...တဲ့။
'ဟုတ်တယ်'လို့ သူ ဖြေသင့်တယ်မဟုတ်လား?
ဒါက...ရယ်ရတယ်လေ။
မနေ့တနေ့ကအထိ သူငယ်ချင်းဟန်ဆောင်လာပြီး သူ့ကိုချစ်တယ်လို့ပြောတာက ရယ်စရာမဟုတ်လား?Nickyဘာလို့ မရယ်မိတာပါလိမ့်?
သူ ကြိုးစားတယ်။
ရယ်ဖို့ကြိုးစားကြည့်တယ်။
ချွေးတွေပြန်လာတယ်... မောလာတယ်
ဘာလို့မှန်းမသိပဲ ပင်ပန်းလာတယ်။ဘာလို့... သူ ရယ်လို့မရတာလဲ?
ဆက်မစဉ်းစားတော့ပဲ Nicky အခန်းတံခါးဆီသွားပြီး ဆွဲဖွင့်ရင်း အခန်းထဲဝင်လိုက်တယ်။
အခန်းတံခါးကို ဆောင့်ပိတ်ပြီး တံခါးနဲ့ဝေးဝေးဆီကို သူ တတ်နိုင်သလောက်သွားတယ်။
ရေချိုးခန်းထဲဝင်လိုက်ပြီး တံခါးကို Lockထပ်ချလိုက်မိတယ်။Nickyလုပ်နေတာက...ခပ်ပါးပါးနံရံတွေကနေ Thormas သူ့အသက်ရှူသံကိုကြားသွားမှာစိုးရိမ်နေသလိုပဲ။
သူ ဘာဖြစ်နေရတာလဲ?
Thormas ထွက်သွားတာက သူနဲ့ဘာဆိုင်လဲ?
ငိုတာ...အဲ့တာ ဘာဖြစ်လဲ?
ယောကျာ်းဖြစ်ပြီး ငိုပြနေတာကို သူ ဘာလုပ်ပေးရမှာလဲ?
ပုံပြင်စာအုပ်သိမ်းထားတာကကော?ဒါတွေက အဲ့ကောင်အရူးထနေတာတွေမဟုတ်လား?
သူကပါ ဘာလို့ အရူးလိုလိုက်တွေးနေရတာလဲ?ဘာလဲ...
သူ အခု Thormasကို သနားနေတာလား?ကျစ်!!...
အဓိပ္ပါယ်မရှိလိုက်တာ...
ဒီကောင့်ကို ဘာသနားစရာလိုနေလို့လဲ?
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...