<zawgyi>
Beauty and the Beast
ch-14 (yaoi fiction)ဝန်ခံဖို့ခက်ခဲ့တဲ့ကိစ္စတစ်ခုကို ဖွင့်ဟနေသလို လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး အပြုံးအရယ်မရှိတဲ့မျက်နှာနဲ့ ရှေ့မှာရပ်နေတဲ့ Thormasကို Nickyကြည့်နေမိတယ်
''မင်း…ဘာတွေပြောနေတာလဲ?''
သူ နားမလည်လို့ နောက်တခေါက်မေးလိုက်တော့…''ငါ…အဲ့ဒီနေ့က…
clubမှာ မင်းမူးနေတာကို လာခေါ်ပြီး စောင့်နေရင်း
ရေကန်ထဲကို အကြွေစေ့ပစ်ချပြီး ဆုတောင်းခဲ့တယ်လေ…
မင်းတောင်မေးခဲ့သေးတယ် Nicky''Thormasစကားကြောင့် Nickyရဲ့စိတ်တွေ အတိတ်ဆီပြန်တွေးလိုက်မိတယ်
အဲ့ဒီတုန်းက…
သူနိုးလာတော့…
ကြားလိုက်ရတဲ့ Thormasရဲ့ဆုတောင်းသံနဲ့
ရေစင်သံအချို့…''ငါ…ငါ့ကိုပြန်ချစ်လာစေချင်တဲ့သူက မင်းပဲ Nicky''
"မင်း နောက်နေတာလား?''
Thormasဆက်ရှင်းပြနေတဲ့စကားတွေကို ရပ်သွားအောင် Nickyအော်လိုက်မိတယ်သူ…တကယ်ပဲ နောက်နေတာလား?
ဟုတ်လောက်ပါတယ်…
ဒီလိုစကားတွေကို ရုတ်တရက်ကြီးထပြောနေတာ နောက်နေတာပဲဖြစ်မယ်''ငါ မနောက်ဘူး Nicky…
ငါမင်းကိုချစ်နေခဲ့တာ…
ပထမတော့…ငါ့ကိုယ်ငါလည်း သေချာမသိခဲ့မိဘူး
ဒါပေမယ့် မင်းနဲ့အခန်းကပ်ရက် မရ,ရအောင် ငှားခဲ့မိတဲ့အခါ…
မင်း ကောင်မလေးတယောက်နဲ့တွဲတိုင်း ငါ အရက်တွေသောက်ခဲ့မိတဲ့အခါမျိုး…
အဲ့ဒီအချိန်တွေမှာ ငါ သိခဲ့မိတာ Nicky
ငါ မင်းကို ချစ်နေခဲ့တာ''''ဒါဆို မင်း…တကယ်ပြောနေတာလား?''
Thormasရဲ့စကားတွေကို Nickyအခုထိ မယုံနိုင်သေး…
သူ သူငယ်ချင်းတယောက်လို နီးနီးကပ်ကပ် ရင်းရင်းနှီးနှီးနေခဲ့တဲ့အချိန်တွေမှာ သူ့ကို Thormasက ကြိုက်နေခဲ့တာတဲ့လား?သူ မူးနေလို့ အိမ်ပြန်ပို့ပေးတဲ့အချိန်တွေ…
သတိလက်လွတ်ဖြစ်ခဲ့တဲ့အချိန်တွေ…
အဲ့ဒီအချိန်တွေမှာ Thormasသူ့ကို ဘယ်လောက်များ အခွင့်ကောင်းယူခဲ့မလဲ?
ပြီးတော့ ယောကျာ်းချင်းကြီး!
Nicky တွေးရင်းနဲ့ မသတီသလို ခံစားလာရသည်။
YOU ARE READING
Beauty and the Beast
Fantasyအချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်းအနားမှာ နေရလည်း ငါကျေနပ်ပါတယ် ဒါပေမယ့်.... ငါ့ရဲ့အချစ်က မင်းကို ကျိန်စာသင့်စေမယ်ဆိုရင်... မင်းရဲ့အနားကနေထွက်သွားဖို့အတွက် ငါတွေဝေမှာမဟုတ်ဘူး Nicky...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ သတ်မှတ်ချက်နဲ့ မင်း...