Zawgyi
အရောင်ပြင်းပြင်းထွန်းတောက်နေသော
နေမင်းကြီးကို နောက်ခံထား၍
နေ့လည်ခင်းတစ်ခုက
ရာသီဥတု သာယာနေသည်..။သစ်ပင် အရိပ်များ တောက်လျှောက်ကျနေသော
လမ်းငယ်လေးကို ဖြတ်လျှောက်အပြီး
သူ ရှိနေရာ အဆောက်အအုံရှေ့ရောက်လာခဲ့သည်..။စာအုပ်စင်များ စီရရီ တည်ရှိနေပြီး
ကိုယ်ထောင့်နဲ့ကိုယ် စာဖတ်နေကြသော
ကျောင်းသူ ကျောင်းသားများအကြား
ကျွန်တော့်ရဲ့ ပုံရိပ်လေးကို
အထွေအထူးရှာနေစရာမလို...။အရည်အချင်းပေါင်းမြောက်မြားစွာ
နဲ့ ပြည့်စုံသော
သူ့ရုပ်ရည် သွင်ပြင်
က အများအကြား ထင်ရှားနေသည်..။"အမယ်လေး..လန့်လိုက်တာဗျာ..!"
အမဲရောင်ကိုင်း မျက်မှန် တစ်လက်ကို
ဟန်ပါပါတပ်ကာ
စာအုပ်မထူ တစ်ထူ
တစ်အုပ်ကို စိတ်ဝင်တစား
ဖတ်ရှုနေတဲ့ သူ့ရဲ့
ဘေးကပ်ရက်က ခုံနေရာလွတ်မှာ ၀င်ထိုင်လိုက်သည်..။လက်မောင်းကို ဆွဲကိုင်ကာ
ပုခုံးပေါ် မေးတင်လိုက်တော့
သူက ရုတ်တရက်မို့ လန့်သွားသည်
ထင်ရဲ့..။စာထဲ အာရုံစူးစိုက်နေတုန်း
ကျွန်တော်က အကြောင်းမကြားဘာမကြားနဲ့
သူ့ဘေးနား ရုတ်တရက်ကြီးရောက်လာ
တော့ သူ့မှာ အံ့သြနေသေးသည်..။"ခင်ဗျား..အရမ်း အချိန်တွေပေါနေသလား.."
"ဘာလဲကွာ..သူများကတော့
သူ့ကိုလွမ်းလို့ လာခဲ့တာကို..""အော်..မတွေ့ရတာ အရမ်းကြာပြီဆိုတော့လေ.."
"အင်း..မတွေ့ရတာ လေး ငါးနာရီလောက်ရှိပြီလေ Chan..ရဲ့.."
ကျွန်တော့်လက်ချောင်းသွယ်သွယ်တွေကို
ချိုးချရင်း သူနဲ့ကျွန်တော်
အတူတူရှိမနေခြင်း
အချိန်ကာလတစ်ခုကို တွက်ချက်ပြလိုက်တော့..။"သိပ်ကို ပိုတယ်" တဲ့လေ..။
စာအုပ်ငယ်ကို အပြီးသတ် အဖုံးပိတ်လိုက်ပြီး
သူက ကျွန်တော့်လက်ကို
ဆွဲကိုင်ကာ
စာကြည့်တိုက်အပြင်သို့ ထွက်လာခဲ့ကြသည်..။"အိမ်ရောက်ရင်..ဟင်းချက်ပေးနော်.."
"အမ်..? ခင်ဗျား..ဘယ်လိုလူလဲ..ဒီမှာ
သူများက ပင်ပင်ပန်းပန်းကျောင်းတက်ထားရတာကို..
အိမ်ပြန်ရောက်ရင်
နားချင်ပြီဗျ.."

YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....