Zawgyi
ကိုယ့်ရဲ့ တစ်ခဏတာ ရူးမိုက်မှု တစ်ခုဟာ
သူ့အတွက်တော့ တစ်ဘ၀လုံးစာ ကြေကွဲ စရာ ဖြစ်ခဲ့ သည်...။ထို အပြစ်အတွက် သူ ကျေအေးအောင်
ဘယ်လို အယူခံ တင်သွင်းမှု မျိုးကမှ
အကျုံးမ၀င် ကြောင်းသိပေမယ့်
သူ့ရှေ့မှောက်မှာ အကြိမ်ကြိမ်အခါခါ ဒူးထောက်ခဲ့သည်...။
သို့ပေမယ့် ခွင့်လွှတ်ပေးရန်တော့
ကျွန်တော် မတောင်းဆိုဝံ့...။/ Hyung လေ..Chan ကို အရမ်းကျေးဇူးတင်သိလား...
အချစ်ဆိုတဲ့ အရာဟာ..ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ ဆိုတာ သိခွင့်ပေးခဲ့လို့..
ပါရမီ ဖြည့်ပေးခဲ့လို့...
အာ..ရင်ထဲမှာပြောချင်တာတွေ များပေမယ့် တစ်ကယ့်တကယ် ပြောဖို့လုပ်တော့ ထွက်မလာဘူး..Chan ရယ်.../ပုံမှန်အချိန်တွေဆို..
သူ့အပေါ် ဖြစ်တည်တဲ့ ခံစားချက်တွေကို
diary သဘောမျိုးလေး စာအုပ်ထဲ ချရေးရတာဟာ..ကျွန်တော့်အတွက် ဒီ ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံးအလုပ်တစ်ခု...။သို့ပေမယ့်..အခုတော့...တောင်းပန်ပါတယ် ဆိုတဲ့ စကားလုံးတွေ သာ အထပ်ထပ် အခါခါ ပါဝင်နေတဲ့ စာတစ်စောင် ကို
ရေးနေရတာ ကျွန်တော့်အတွက် ဘယ်လိုမှ အဆင်မပြေ...။နာကျင်ခြင်း..။
မွန်းကြပ်ခြင်း တွေကိုသာ အဖော်ပြုနေရသည်...။အမှန်တော့ ကိုယ့်ပြုသည့် ကံ ကိုယ်ထံ ပြန်လာ သည်ဆိုတဲ့ အတိုင်း
သူ့မိသားစုဝင်တွေ ကို သေဆုံးစေပြီး
သူ့ကို စိတ်ဆင်းရဲ အောင် လုပ်ခဲ့တဲ့အတွက်
အခု ကျွန်တော်လဲ ထပ်တူ ခံစားရတာ မဟုတ်ပါလား...။/ hyung...မရှိတဲ့ နောက် ပျော်ရွှင်စွာနေရစ်ပါ.../
အဆုံးသတ် စကားလုံးကို ရေးပြီးနောက်
ရင်ထဲက ဆို့နင့်ခြင်း တွေက
တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်...။မျက်ရည် ကျခွင့်တောင် မရှိတဲ့ လူတစ်ယောက်ဆိုပေမယ့်လဲ
ဦးနှောက်မှတ်ဥာဏ်ထဲမှာ..
ဟိုးအစ..သူနဲု့ တွေ့ဆုံခဲ့သည့် နေ့ရက်ကစတင်ပြီး..
မနေ့က ကျွန်တော့် လုပ်ရပ်များကို သူသိသွားခဲ့သည်အထိ...နေ့ရက်များမှာ..သက်ဝင်လှုပ်ရှားခဲ့သည့်
သူနဲ့ ကျွန်တော့်ရဲ့ ပုံရိပ်ကိုယ်စီက
အစီအရီ ၀င်ရောက်နေတော့..
မျက်ရည် စက်တွေကို အဖော်ပြုလိုက်တာကလွဲရင် ကျွန်တော် လုပ်နိုင်တာ...ဘာဆိုဘာမှရှိမနေ...။

YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....