Zawgyi
နူးညံ့တဲ့ နှုတ်ခမ်းသားတစ်စုံရဲ့ အထိအတွေ့..။
ကျွန်တော့် လက်အစုံကို ယုယုယယ ဆုပ်ကိုင်ပေးထားတဲ့ သူ့လက်ချောင်းရှည်ရှည်တွေရဲ့ အနွေးဓာတ်..။
ပြီးတော့..
"Byun Baek Hyun ကို
တစ်သက်တာလုံး
ချစ်သွားပါမည် " ဆိုသောသူ့ရဲ့ ကတိစကား...။အရာ အားလုံးပေါင်းစည်းလိုက်တော့
ဒီအခိုက်အတန့်မှာ လောကကြီးထဲ
အပျော်ဆုံးလူသားဟာ ကျွန်တော် ဖြစ်သွားခဲ့သည်..။"အခုကစပြီး..ခင်ဗျားက ကျွန်တော့်အပိုင်ပဲ.."
ဖာသာ ဆီက ကတိတောင်းခံစကားတွေကို
အနမ်းတစ်ပွင့်ခြွေချပေးပြီး
ကတိက၀တ်ပြုနေသည့် သူ...။ကျွန်တော့်အနားနားလေးကပ်ကာ
ကျွန်တော်သည် သူတစ်ယောက်တည်းအပိုင်ဖြစ်ကြောင်း တိုးတိတ်စွာဖြင့်
ထပ်မံ၍ စကားဆိုနေပြန်သည်..။ပြုံးရွှင်နေသော နှုတ်ခမ်းဖူးဖူးများ
ကျွန်တော့်နဖူးပြင်ထက်
ထပ်မံ အလည်ရောက်လာချိန်တွင်
ဘုရားကျောင်းလေးထဲမှာ
လက်ခုပ်သြဘာသံတွေ ဆူညံ လို့သွားလေသည်..။"ယခုမှစတင်ပြီး Park Chan Yeol နှင့်
Byun Baek Hyun ဆိုသော ဤလူသားနှစ်ဦး
အသက်ထက်ဆုံး ချစ်ခင်စွာ နေထိုင် သွားနိုင်ကြပါစေ.."ဖာသာဆီကနေ အဆုံးသတ် ဆုတောင်းပေးစကား အဆုံးမှာ
ကျွန်တော်တို့ နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို
လာရောက်ပေးကြသည့် လူပရိသတ်တွေရဲ့
လက်ခုပ်သံတွေကိုခြံရံပြီး သူက..
ကျွန်တော့် နှုတ်ခမ်းသားတွေကို
ထပ်ပြီး သိမ်းပိုက်ပြန်သည်..။သူပေးနေသည့် အနမ်းရေကြောမှာ စီးမြောနေရင်း
ကျွန်တော် အသည်းပေါက်မတတ်ချစ်ရသည့်
သူနဲ့ တစ်ဘ၀လုံး အတူတူ ရှိခွင့်ကို
ပေးသနားခဲ့သည့်
လောကကြီးကို အကြိမ်ကြိမ်အဖန်ဖန်
ကျေးဇူးတင်နေမိသည်..။သူ့အနမ်းတွေ လက်စသတ်သွားခဲ့သည်နဲ့ထပ်တူ
ကျွန်တော်ကို သူ့ဘ၀ထဲ ဆွဲခေါ်သွင်းလိုက်တဲ့
ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲလေးသည်လဲ အနှောင့်အယှက်တစ်စုံတစ်ရာမရှိပဲ အထမြောက်သွားခဲ့လေသည်..။

YOU ARE READING
Battle [ Completed ]
Fiksi Penggemarဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....