Zawgyi
လေဝှေ့တိုင်းမှာ မီးတောက်များအကြား
အဖြူရောင် တိုက်အိမ်ငယ်လေးသည်
တစ်စထက် တစ်စ ၀ါးမြိုခံနေရသည်..။ဒီ အချိန်လောက်ဆို အိမ်အတွင်းပိုင်းမှာ
ပစ္စည်းများ ပြို လဲ ကျနေလောက်တော့မည်..။ထို့အပြင်..။
လူသားသုံးယောက်..။
မီးတောက်များအကြား နာကျင်စွာနဲ့ အော်ဟစ်အကူအညီတောင်းနေလေရော့မည်..။
အိမ်အပြင်ပိုင်း အခြေအနေရော
အတွင်းပိုင်းထဲက အခြေအနေတွေရောပါ
တိတိကျကျ သိရှိနေပေမယ့်
အိမ်ငယ်လေး မီးစတင်လောင်ကျွမ်းကတည်းက
ရောက်ရှိနေခဲ့ပေမယ့်
ထို လူသားတို့ကို တစ်စုံတစ်ရာသော အကူအညီပေးရန်
ခြေထောက်တို့က ကားပေါ်ကနေ ဆင်းမရခဲ့..။ယုတ်စွအဆုံး
အရေးပေါ် အခြေအနေအတွက်
သက်ဆိုင်ရာ အာဏာပိုင်များထံ ဖုန်းဆက်အကြောင်းကြားလိုက်ပေမယ့်လို့..။အိမ်သားတွေကို အထဲ ၀င်ရောက်ကာ
သွားရောက်ကယ်တင်နိုင်ဖို့ မ၀ံ့ရဲပဲ
ခြံဝန်းအပြင်ဘက်မှာသာ
စိုးရိမ်စွာ ကြည့်ရှုနေကြသော
လူ အများ ကိုလဲ ..သွေးအေးအေးနဲ့ သာ
ကြည့်နေခဲ့သည်..။မိနစ်ပိုင်းတွေ အနည်းငယ်ကျော်လွန်သွားခဲ့တော့
မီးသတ်တပ်ဖွဲ့တွေ ရောက်ရှိလာခဲ့သည်..။ဆေးရုံကားခေါ်ကြသူနဲ့
အိမ်ထဲ ၀င်၍ အိမ်သားများကို ၀င်ကယ်ဖို့ကြိုးစားကြသူတွေနဲ့
လမ်းလေးထဲမှာ ဆူညံပွက်လောရိုက်သွားသည်..။သည်အချိန်ထိ ဇာတ်လမ်းတစ်ပုဒ်ကို
ကြည့်ရှုနေသည့်အလား
ကျွန်တော်သည် ကားပေါ် မှာသာ
ခပ်အေးအေး ထိုင်နေခဲ့သည်..။သို့ပေမယ့်..။
"appa ..omma..!
Lee Yeol..!"ဆိုသော အမည်နာမ သုံးခုကို
အော်ဟစ်ခေါ်ကာ
လူတွေ ကာဆီးကာ ၀ိုင်းဆွဲနေသည့်ကြားမှပင်
မီးလောင်နေသော တိုက်အိမ်ငယ်ထဲ ၀င်ရန် ကြိုးစားနေသည့် လူငယ်တစ်ယောက်...။အရူးတစ်ယောက်လို သည်းသည်းထန်ထန် ငိုကြွေးနေကာ
တားဆီးနေကြသည့် လူများလက်ထဲက
အသည်းအသန်ရုန်းထွက်နေသည်..။

YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....