Battle 16

4.1K 410 21
                                        

Zawgyi

ကြီးမား ပြီး ခမ်းနားသော အပြင်အဆင်တို့နဲ့ အိမ်ကြီးသည် နောက်ဆုံးတစ်ခေါက် ရောက်ဖြစ်ခဲ့သည့် လွန်ခဲ့တဲ့ လပိုင်းတွေကလို ဘာတစ်ခုမှ ပြောင်းလဲခြင်းမရှိသေး....။

ထပ်မံလာရောက်ဖို့ စိတ်ကူးမရှိခဲ့ပေမယ့်..
ရေစက်ဆိုးတွေနဲ့သာ ပတ်သက်ရသည့် ထိုလူကိုလည်း သူ့လုပ်ရပ်တွေရဲ့ ရလဒ်တစ်ခုက ဘယ်လို ဘယ်ပုံဖြစ်နေလဲ ဆိုတာတော့ အသိပေးသင့်သည် မဟုတ်လား....။

"၂နှစ်ပြည့်တာလား..."

"အင်း..ဟုတ်တယ်..Hyun.."

အမည်နာမတောင် ထုတ်ဖော်မပြောချင်သည့် လူတစ်ယောက် သေဆုံးခြင်း နှစ်နှစ်ပြည့်မြောက်သည့်နေ့...။
တိတိကျကျ ပြောရရင် တစ်ချိန်တစ်ခါက ကျွန်တော့်အပေါ်..သူ့စိတ်ရင်းနဲ့ အကျိုးပြုခဲ့ခြင်း မဟုတ်ရင်တောင်..
ကျေးဇူးတရားတွေ တော်တော့်ကို သွယ်ယှက်ခဲ့သည့် ထိုလူ့အဖေ..။
တစ်နည်းအားဖြင့် appa ရဲ့ တစ်ဦးတည်းသော..ခေါင်းဆောင်ကြီး သေဆုံးခြင်း နှစ်နှစ်ပြည့်မြောက်သည့်နေ့...။

ဘ၀ရဲ့ ဟိုးအစပိုင်း နေ့ရက်တွေမှာ...
လေးစားခြင်း..ကျေးဇူးတင်ခြင်းတို့နဲ့ သာ
တွယ်ညိမိခဲ့ပေမယ့်...။
ကိုယ်တွေးထင်ထားသလို မဟုတ်ခဲ့သည့်
ထို ဦးလေးကြီး၏ တစ်ကယ့်စိတ်ရင်းတွေကို သိခဲ့ရသည့် အချိန်မှ စတင်၍
ကျွန်တော့် ဘ၀ရဲ့ မှတ်ဥာဏ် ဟိုးအတွေးပိုင်း ဆုံး ကနေ..ထို လူကြီးနဲ့ ပတ်သက်သမျှ ဖျက်ပစ်ခဲ့သည်..။
နာကြဉ်းခဲ့သည်..။

"နောက်ဆုံးတော့လဲ သေလမ်းပဲ သွားရမှာကို..
ဘာဖြစ်လို့များ ကောင်းကောင်းမွန်မွန် မနေခဲ့ရတာပါလိမ့်..
ဥပမာ..ကိုယ့် လုပ်ရပ်အတွက် သူများကို အပြစ်ခံခိုင်းတာမျိုးပေါ့.."

သေတဲ့ လူက သေ သွားပြီ ဆိုပေမယ့်...။
ကြုံတွေ့ခဲ့ရသည့် ကိစ္စတွေက ဘယ်လိုမှ သင်ပုန်းချေ နိုင်စရာ မရှိတော့..ခနဲ့မိပြန်သည်...။

ထိုလူကတော့ စကားမပြောတတ်တဲ့ လူတစ်ယောက်လို ရုတ်တရက် ဆွံ့အနေသည်လေ...။
အင်းပေါ့..သူ့အဖေရဲ့ ရူးမိုက်တဲ့ လူရပ်တွေမှာ...လူဘယ်နှစ်ယောက်လောက် ထိခိုက်ခဲ့လဲ ဆိုတာ...သူ့မျက်မြင်ပဲ...။

Battle [ Completed ]Where stories live. Discover now