Battle 14

4.1K 425 4
                                        

Zawgyi

ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ထဲက သရုပ်ဆောင်တစ်ယောက်ယောက်
emergency အခန်းရှေ့မှာ ရင်တမမနဲ့ စောင့်ဆိုင်းနေရသည့် ဇာတ်ကွက်တစ်ခုက
ရုပ်ရှင်ကြည့် ပရိသတ်တစ်ယောက်နေရာကနေ ၀င်ရောက်ခံစားကြည့်မည် ဆိုရင်တောင် တော်တော့်ကို
သည်းထိတ်ရင်ဖို ဖြစ်ရသည့်
အခိုက်အတန့်လေးတစ်ခု ဖြစ် နေလောက်မည်...။

ထို့သို့ဆိုလျှင်
လက်ရှိဘ၀ထဲက
လက်ရှိ အခိုက်အတန့်မှာ
အရေးပေါ်ခွဲစိတ်ခန်းတစ်ခုအ ရှေ့..
ရှိရှိသမျှ ဘုရားသခင်တွေကို တိုင်တည်ကာ
ကောင်းမွန်သော ရလဒ်တစ်ခုကို ကြားရရန် ဆုတောင်းနေရသည့် ကျွန်တော့်အဖြစ်က
သည်းထိတ်ရင်ဖို ဖြစ်နေရသည် ဆိုသော
အခြေအနေထက်တောင် ပိုနေလိမ့်မည် ထင်သည်...။

ကျွန်တော့်ဘ၀မှာ အားကိုးရာ
မှီတွယ်ရာ..ဆို ၍ အဖေ ဆိုသည့် လူသားတစ်ယောက်တည်းသာ ရှိ သည်...။
ထို့သို့ သော ကျွန်တော့်ဘ၀ရဲ့ တစ်ခုတည်းသော အရင်းအမြစ်ထံ
အေးချမ်းစွာ အသက်ရှင်သန်ခွင့်ကို လောကကြီးက လွယ်လွယ်ကူကူ
ပေးမသနားချင် ထင်သည်...။

"ယာဉ်တိုက်မှု ဖြစ်၍ ဆေးရုံ ရောက်နေသည်"
ဆိုသော အကြောင်းကြားခြင်းတစ်ခုရဲ့ နောက်ကွယ်မှာ ဒီလောက်ထိ ဆိုးရွား လိမ့်မည်ဟု မထင်ထားခဲ့ လေ...။

"ဘာလဲဟာ...သုံးနာရီတောင် ကျော်ပြီလေ..."

ခွဲခန်းထဲ ရောက်နေတာ သုံးနာရီလောက်ကြာ နေပြီဖြစ်ပေမယ့်လို့ အခုထိ ဘာဆိုဘာမှ အခြေအနေမသိရသေး....။

သူတ်သီးသုတ်ပြာနဲ့ အခန်းထဲ က ထွက်လာလိုက်...
အခန်းထဲ ပြန်ဝင်သွားလိုက်လုပ်နေကြသော
နာ့စ် တွေ ကြောင့် ကြာလာတော့ ခေါင်းသာ မူးနောက်လာသည်...။
သည်ကြားထဲ တစ်ခြားမိသားစုဝင်တစ်ယောက်မှမရှိပဲ
အဖေနဲ့ သား နှစ်ယောက်သာ ရှိကြသူတွေမို့
မတော်လို့ လောကကြီးက ရက်စက်စွာနဲ့
ကျွန်တော့်နံဘေးကနေ appa ကို ဆွဲခေါ်သွားခဲ့လျှင်ဆိုသည့် အတွေးတွေက
ဝင်ရောက်လာတော့..
မျက်ရည်စက်တွေက မဖိတ်ခေါ်ပါပဲနဲ့
အလည်ရောက်လာကြပြန်သည်...။

"ဟင့်အင်း..appa ဘာမှ မဖြစ်ရဘူး..
ဘုရားသခင်..ပြုခဲ့ဖူးသော ကောင်းမှုသေးသေးလေးတွေကအစ တိုင်တည်ပါရစေ...appa ဘာဆိုဘာမှ မဖြစ်ပါစေနဲ့..."

Battle [ Completed ]Where stories live. Discover now